မင်းသားက Joel Kinnaman ပါ။ အသက် ၃၃ နှစ် ရှိပြီ ဖြစ်ပြီး ဆွီဒင်-အမေရိကန် မင်းသား တစ်ဦး ဖြစ်ပါတယ်။ သူက Robocop အနေနဲ့ ပါဝင်လာမှာပါ။ သက္ကရာဇ် ၂၀၂၈ ကို အခြေခံထားတဲ့ ဇာတ်လမ်း ခေတ်လွန် ဇာတ်လမ်း ဖြစ်ပါတယ်။ OmniCorp ရဲ့  စစ်လက်နက်နည်းပညာတွေ အဆင့်မြင့်မားပြီး ကမ္ဘာမှာ အောင်မြင်မှု ရလျက် ရှိပါတယ်။ အမေရိကန်ပြည်ထောင်စု Detroit ပြည်နယ်မှာ ရိုးသားကြိုးစားပြီး တာဝန်ထမ်းဆောင်နေသူက Alex Murphy ပါ။ Joel Kinnaman နေရာ ယူထားတဲ့ ဇာတ်ကောင် ဖြစ်ပါတယ်။ မိသားစုဝင်နဲ့ အေးချမ်းတဲ့ ဘဝမှာနေချင်ပေမယ့် တစ်နေ့တော့ ကားဗုံးပေါက်ကွဲမှုကြောင့် ခြေတစ်ဖက်၊ လက်တစ်ဖက် ပြတ်တဲ့အထိ ဆိုးရွားခဲ့ပါတယ်။ သူ့အသက်ကို ကယ်ပေးချင်တဲ့ OmniCrop ဟာ သူ့ကို စက်ရုပ်လူသား မဟုတ်ပဲ စက်ရုပ်ရဲ (RoboCop) ဖြစ်အောင် ပြောင်း လဲပေးလိုက်ပြီး ထူးခြားသန်မာတဲ့ စွမ်းအင်တွေ ပိုင်ဆိုင် ရရှိခဲ့ပါတယ်။
OmniCorp တင်မကပဲ အခြားသော လူသားစက်ရုပ်ဖန်တီးသူမျာြးေ
ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ သန်း ၁၂၀ အကုန်ကျခံထားတဲ့ ဇာတ်ကား ဘယ်လောက်ထိ ကောင်းတယ်ဆိုတာ စောင့်ကြည့်ရပါအုံးမယ်။ Trailer ကိုအောက်ပါလခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။
http://youtu.be/
အောင်ခမ်း (International news for myanmar)
International news for myanmar
No comments:
Post a Comment