ရုရှား အာကာသယာဉ်မှူး နှစ်ဦးနှင့် NASA မှ အာကာသယာဉ်မှူး တစ်ဦးတို့
လိုက်ပါလာ သည့် ရုရှား Soyuz TMA- 08M အာကာသယာဉ်သည် စက်တင်ဘာ ၁၁ ရက်တွင်
ကာဇက် စတန် နိုင်ငံတွင်းသို့ အန္တရာယ်ကင်းစွာ ပြန်လည် ဆင်းသက် နိုင်ခဲ့သည်ဟု
သိရသည်။
အဆိုပါ အာကာသယာဉ်သည်
အာကာသယာဉ်မှူး သုံးဦးနှင့်အ တူ နိုင်ငံတကာ အာကာသ စခန်း (ISS) သို့ မတ်လ
အတွင်းက ထွက်ခွာ ခဲ့သည်ဟု သိရသည်။ ၎င်းအာကာသယာဉ် သည် ၎င်း၏ အပြန်ခရီးစဉ်ကို
ရုရှားစံတော် ချိန် နံနက် ၆ နာရီ ၅ မိနစ် တွင် စတင်ခဲ့ခြင်း ဖြစ်ပြီး မိနစ်
၅ဝ အကြာတွင် ကမ္ဘာ မြေပြင်ပေါ်သို့ ဘေးကင်းစွာ ဆင်းနိုင်ခဲ့ခြင်း
ဖြစ်ကြောင်း သိရသည်။
အာကာသယာဉ်မှူးများ ဘေးအန္တရာယ်ကင်းစွာ ဆင်းသက်
နိုင်စေရန်အ တွက် ယင်းအာကာသယာဉ် ဆင်းသက်မည့် နေရာ၌ Mi-8 ရဟတ်ယာဉ် ၁၂ စင်း၊
လေယာဉ် သုံးစင်း၊ ကယ်ဆယ်ရေးယာဉ် ခြောက်စင်းနှင့် အရန်ယာဉ် ၁၄ စင်းတို့ကို
တပ်ဖြန့်ချထားခဲ့ ကြောင်း ရုရှား လေကြောင်းဆိုင်ရာ အေဂျင်စီက
ထုတ်ဖော်ပြောကြားသည်။
မြ၀တီ
No comments:
Post a Comment