By mmweather.ygn,
http://blog.mmweather.com/2013/09/22/usagi-17w-landfall/
အဆင့်-၃ စူပါတိုင်ဖွန်းမုန်တိုင်း USAGI(17W) သည် တရုတ်(ပြည်မ) Guangdong
ပြည်နယ် ကမ်းခြေ – ဟောင်ကောင်မြို့၏ အရှေ့-အရှေ့တောင်ဘက်(Bearing 99
degrees) ၂၄၅
မိုင်ခန့်၊ တောင်တရုတ်ပင်လယ်ပြင် မြောက်ပိုင်းတွင်
ဗဟိုပြုနေပြီး၊ မုန်တိုင်းဗဟိုသည် ယနေ့(စက်တင်ဘာလ ၂၂ ရက်၊ ညနေပိုင်း –
မြန်မာစံတော်ချိန် ၁၈း၃ဝ နာရီနောက်ပိုင်းတွင် ဟောင်ကောင်မြို့မြောက်ဘက်မှ
ကပ်၍ ဖြတ်သန်းပြီး ကုန်းတွင်းသို့ ဝင်ရောက်မည် ဖြစ်ပါသည်။ ကုန်းတွင်းသို့
ဖြတ်ကျော်တိုက်ခတ်စဉ် မုန်တိုင်းဗဟို၌ လေတိုက်နှုန်း 90 to 110
knots(တစ်နာရီ ၁ဝ၅ မိုင်ခန့်မှ ၁၂၅ မိုင်နှုန်း)အထိ ရှိမည်ဖြစ်ပြီး၊
မုန်တိုင်းဒီလှိုင်းအမြင့် ၄၅ ပေ အထိရှိမည်ဖြစ်ကြောင်း JTWC မှ သတိပေးချက်
အမှတ် ၂၂ ဖြင့် ထုတ်ပြန်ထားပါသည်။(ပုံ-၁)
TSR မှ ထုတ်ပြန်သည့်
သတိပေးချက်တွင်လည်း မုန်တိုင်းဖြတ်ကျော်ဝင်ရောက်မည့် လမ်းကြောင်းပေါ်မှ
ဟောင်ကောင်နှင့် မကာအိုမြို့များတွင် လေပြင်းတိုက်ခတ်မှု ခံရနိုင်ခြေ
ရာနှုန်းပြည့် ရှိနေကြောင်း တွေ့ရပါသည်။(ပုံ-၂)
အဆင့်-၃ စူပါတိုင်ဖွန်းမုန်တိုင်း USAGI(17W)
22 Sep 2013 0000Z
Location: 21.8 117.9
Winds: 100 knots (Category 3)
Wave Height: 45 ft
Central Pressure: 948 hPa
MMweather Page
No comments:
Post a Comment