Wedding
Wedding ဆိုတာကို ကျွန်တော့် အနေနဲ့ ပြောရရင်တော့ လူနှစ်ယောက်က တစ်ယောက်
တာဝန်ကို တစ်ယောက်က ယူမယ့် တာဝန် အပ်နှင်း ပွဲလို့ပဲ ပြောချင်ပါတယ်။ မင်္ဂလာ
လက်ထပ်ပွဲပေါ့။ တအား လှတဲ့ စကားလေးပါပဲ။
မိန်းကလေးက လည်း သူ့တစ်ဘဝလုံး ကို ဘာမှ သွေး မတော်တဲ့ အမျိုးသား တစ်ယောက်
ဆီမှာ ပုံအပ်သလို အဲဒီ အမျိုးသား ကလည်း ဒီမိန်းကလေး ရဲ့ တစ်ဘဝ လုံးကို
ကျေကျေနပ်နပ်ကြီး တာဝန်ယူဖို့ ဆုံးဖြတ်ပြီး နှစ်ယောက်ဘဝ Register လုပ်တဲ့
ပွဲပါပဲ။ လူ ဆိုတာလည်း ဘဝ ရဲ့ တာဝန်တွေ ကို ထမ်းဆောင်မှ လူနဲ့တူတာလို့
ပြောကြတာကိုး။ အိမ်ထောင်သားမွေး ဆိုတာလည်း လူ့တာဝန်တွေ ထဲမှာ ပါတာကိုး။
တချို့ကလည်း ပို ပြီး အောင်မြင်တဲ့ လူဘဝရဲ့ အစလို့လည်း ပြောကြတယ်။ လက်ထပ်
မင်္ဂလာပွဲ ဆိုတာလည်း အမျိုးမျိုး ရှိကြတယ်။ အခြေအနေနဲ့ အချိန်အခါပေါ်
မူတည်ပြီး ကိုယ့်ရဲ့ မင်္ဂလာပွဲကို အကောင်းဆုံး ဖြစ်အောင် ဖန်တီးကြတဲ့
သူတွေချည်းပါပဲ။ အေးဆေး သက်သာပြီး ကြည်နူးဖို့ ကောင်းတဲ့ မင်္ဂလာပွဲပဲ မင်္ဂလာ
မောင်နှံတိုင်း က ဖြစ်ချင် ကြတာပါ။ အရမ်းကြီး ပင်ပန်း မွန်းကျပ်ပြီး
ပကာသနတွေ ဖုံးလွှမ်းတဲ့ ပွဲ မျိုးတွေလည်း ရှိကြပါတယ်။ ဒါကလည်း သူတို့ရဲ့
အခြေအနေ အရပေါ့နော်။ လူ ဆိုတာလည်း မိဘ အသိုင်း အဝိုင်း၊ ဆွေမျိုး အပေါင်း
အသင်းတွေ နဲ့ နေကြတဲ့ သူတွေ ချည်းပဲလေ။ လူမှုရေးတွေ ရှိတယ်။ ဒီတော့ တချို့
ကျတော့လည်း မိတ်ဆွေတွေ တအား များတော့ လူစုံအောင် ဖိတ်ချင်တော့ ပွဲတွေ
အများကြီး လုပ်လိုက် ရတာမျိုးတွေ ဖြစ်လာ ရတယ်။ ကိုယ့်မိတ်ဆွေတွေ အားလုံးကို
ဖိတ်ချင်တာကိုး။ ကျွန်တော့်ရဲ့ မင်္ဂလာ ပွဲကို ဆိုရင် ကျွန်တော် အရမ်း
ကျေနပ် ကြည်နူးရပါတယ်။ ကျွန်တော် ပြောချင်တာကတော့ သတို့သားတိုင်း က
ကိုယ့်ရဲ့ သတို့သမီး တိုင်းကို အကောင်းဆုံး ဆိုတာတွေ ပဲ ဖန်တီးပေးချင်
ကြမှာပါ။
Wish
Wish ဆိုတာ တောင်းဆုပေါ့။ Birthday wish
တို့ wedding wish တို့ valentines’ Day wish တို့ပေါ့။ Wish တွေ အများကြီး
ရှိကြပါတယ်။ ကျွန်တော်က လုပ်သင့် လုပ်ထိုက်တဲ့ Wish တွေ ဆိုရင်တော့
ကျွန်တော် လုပ်တယ်။ တစ်ခါတလေ မှာ အပိုတွေ လုပ်ကြတာမျိုးတွေတော့
မလုပ်တတ်ဘူး။ ဒါပေမဲ့ ကျွန်တော့် ပုံမှန် ဆုတောင်း မေတ္တာ ပို့တာတော့
ဘုရားရှစ်ခိုးတိုင်း လုပ်ပါတယ်။ မြင် နိုင်တဲ့၊ မမြင်နိုင်တဲ့ ပုဂ္ဂိုလ်တွေ
အားလုံးကို မေတ္တာ ပို့ပေးတယ်။ ကျွန်တော် တို့ရဲ့ မိဘတွေ အတွက်၊ ကျွန်တော့်
ပရိသတ်တွေ အတွက်လည်း Wish လုပ်ပေးပါတယ်။ သူတို့ စိတ်ချမ်းသာ
ကိုယ်ကျန်းမာဖို့ အထူး ဆုတောင်းပေးတယ်။ နောက်ပြီး ကျွန်တော့်ပရိသတ်
မဟုတ်တဲ့ သူတွေ ကိုလည်း ဆုတောင်းပေးပါတယ်။ ကျွန်တော် က အားလုံး ကအပေါ်
မေတ္တာထားမှ သူတို့က ကျွန်တော့် အပေါ် ပြန်ပြီး မေတ္တာ ထားနိုင်ကြမှာလေ။
Wealth
Wealth ဆိုတာ ဥစ္စာဓန ကြွယ်ဝတာကို ပြောတာပေါ့။ ကျွန်တော် ဆိုလည်း
မကြွယ်ဝပါဘူး။ ဒီလိုပဲ ကြိုးစားပြီးမှ ဒီနေ့လိုလေး ဖြစ်လာရတာပါ။ အဓိကက ပညာ
ကြွယ်ဝ ဖို့ပါပဲ။ ပညာ ဆိုတာမှာ အတတ်ပညာ၊ အသိပညာ၊ အတန်းပညာထက် ကိုယ့်ရဲ့
အသက်မွေး ဝမ်းကျောင်း ပညာကို ကြွယ်ဝအောင် လုပ်ထားရင် တခြား wealth တွေ
ရလာမှာပါ။ နောက်ပြီး ကျန်းမာရေးပေါ့။ ကျန်းမာရေး ပြည့်စုံကောင်းမွန်မှ
ကိုယ့်ရဲ့ ပညာကို ကြွယ်ဝအောင် လုပ်နိုင်ပြီး ငွေကြေး ချမ်းသာအောင်
ကြံဆောင်နိုင် မှာပါ။ နောက်ပြီး လူမှုရေး wealth ပေါ့။ လူမှုရေးရာတွင်
မှာလည်း ကိုယ်က ပတ်ဝန်း ကျင်နဲ့ လိုက်လျော ညီထွေ နေနိုင်အောင် ကြိုးစား
တတ်ရမယ်။ ငွေကြေး ဆိုတာ က ဘဝမှာ လိုအပ်တဲ့ ထဲမှာ ပါပေမယ့် အရေးကြီး တဲ့
အပိုင်းတွေ မဟုတ် ပါဘူး။ ဒါကို ကျွန်တော် က ငွေကြေး မပြည့်စုံဘဲ
နေခဲ့ဖူးတော့ ကောင်းကောင်း သိတယ်။ တ ကယ် လိုအပ်တာက ကိုယ့် ရဲ့ပညာပါပဲ။
Yati Magazine
No comments:
Post a Comment