အရပ် ၇ ပေ ၁ဝ လက်မအထိ ရှည်ပြီး ခန္ဓာကိုယ် အဆမတန် ကြီးထွားမှု ဖြစ်ပွားသော
အခရိုမယ်ဂလီ ရောဂါ ခံစားရမှုကြောင့် စင်ကာပူ
နိုင်ငံတွင် ဦးနှောက် ခွဲစိတ်မှု
ပြုလုပ်ထားသော
ကိုဝင်းဇော်ဦးကို Global World Insurance Co., Ltd. မှ
ငါးနှစ်စာ အသက် အာမခံ လှူဒါန်း
ပေးအပ်သည့် အခမ်းအနားကို ယမန်နေ့ နံနက် ၁၁
နာရီက ရန်ကုန်မြို့ လမ်း (၂ဝ) လသာလမ်းရှိ နိုဘယ်လ်စကွဲ အသည်းနှင့် အစာအိမ်
အူလမ်းကြောင်း ဌာန၌ ပြုလုပ်ခဲ့သည်။
ကိုဝင်းဇော်ဦးသည် အခရိုမယ်ဂလီ
ရောဂါ ဖြစ်ပွားမှုကြောင့် အသက် ၂၅ နှစ် နောက်ပိုင်းတွင် အရပ်ရှည် ခန္ဓာကိုယ်
ကြီးထွားမှု ၇ ပေ ၁ဝ လက်မ ရှိလာပြီး နောက်ပိုင်းတွင် ယင်း
ကြီးထွားမှုကြောင့် အသက် အန္တရာယ် ရှိနိုင်သဖြင့် ပါမောက္ခ အသည်းအထူးကု
သမားတော် ဆရာဝန်ကြီး ဦးခင်မောင်ဝင်းက ဦးစီး ဦးဆောင်ပြု၍
စင်ကာပူနိုင်ငံတွင် ရောဂါအတွက် ဦးနှောက် ခွဲစိတ်မှုကို အောင်မြင်စွာ
လုပ်ဆောင်ခဲ့ပြီး ဖြစ်သည်။
ဦးနှောက် ခွဲစိတ်မှု ပြီးဆုံး၍
ရန်ကုန်သို့ ပြန်ရောက်လာသော ကိုဝင်းဇော်ဦး အတွက် အသက်အာမခံ အလှူငွေကို
Global World Insurance Co., Ltd. မှ မန်နေဂျာ ဦးစိုးဝင်းသန့်နှင့် ဇနီး
ဒေါက်တာ သန်းသန်းနွယ် မိသားစုက ငွေကျပ် သိန်း ၅ဝ တန်ဖိုးရှိ အသက်အာမခံ
အလှူငွေကို ပေးအပ် လှူဒါန်းခဲ့သည်။
အသက် အာမခံကြေး ပရီမီယံ
အာမခံရရှိသူ ကိုဝင်းဇော်ဦးကလည်း ''ကျွန်တော့် အနေနဲ့ ဘာမှ မပြောတတ် ပါဘူး။
အသက်အာမခံ အခုလို ရရှိတဲ့ အတွက် အထူးပဲ ဝမ်းသာပါတယ်။ စင်ကာပူမှာ ဦးနှောက်
ခွဲစိတ်မှု အတွက် ထပ်မံ သွားရောက်ပြီး စစ်ဆေးရဦး မှာပါ။ လောလောဆယ်
မသွားခင်တော့ ရွာကို ပြန်ရမယ်။ ဟိုမှာ ရက် ၂ဝ လောက် နေပြီးမှ ရန်ကုန်ကို
ပြန်လာမယ်၊ ပြီးရင် စင်ကာပူကို ထပ်သွားရမယ်'' ဟု ပြောကြား ခဲ့သည်။
မြ၀တီ
No comments:
Post a Comment