မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်သည် လက်ရှိဇနီးသည် ရီဆိုဂျူနှင့်
လက်ထပ်ခါနီး
ဆဲဆဲတွင် အခြားအနုပညာ ကြယ်တစ်ပွင့်ဖြစ်သော Seo Un-hyang နှင့်
ချစ်ကြိုးသွယ်ခဲ့သည်ဟူသော ကောလာဟာလများ
ထွက်ပေါ်လာခဲ့သည်။ ထိုကာလများတွင် လက်ရှိဇနီးသည် ရီဆိုဂျူမှာ First Lady
နေရာအတွက် ပြိုင်ဘက်ပေါ်ခဲ့ခြင်း ဖြစ်ကြောင်း ဆိုကြသည်။
Seo
Un-hyang သည် ၂၀၁၁ ဒီဇင်ဘာလက ကင်ဂျုံအီကွယ်လွန်ပြီးနောက်ပိုင်း ကျင်းပသည့်
ဖျော်ဖြေပွဲ တစ်ပွဲတွင် အန်ဟာဆု သံစုံတီးဝိုင်းနှင့်အတူ
အဆိုတော်တစ်ဦးအဖြစ် စတင်ပေါ်ထွက်လာခဲ့ကြောင်း၊ ထိုပွဲကို မစ္စတာကင်မ်က
တက်ရောက်ခဲ့ကြောင်း သတင်းရင်းမြစ်က ဆိုသည်။ တောင်ကိုးရီးယားမှ Chosun Ilbo
သတင်းစာ ကလည်း Seo သည် တက္ကသိုလ်တွင် ဂီတပညာကိုသင်ယူခဲ့ပြီး နိုင်ငံ၏
ဝါဒဖြန့်ချိရေး ဇာတ်ကားများတွင်လည်း ပါဝင်သရုပ်ဆောင်ဖူးသည်ဟု ဖော်ပြထားသည်။
Seo သည် သီးချင်းအဆို ကောင်းသလို ကိုယ်ရည်ကိုယ်သွေးလည်း ထက်မြက်ကြောင်း၊
မြောက်ကိုးရီးယား ခေါင်းဆောင် ရှေ့တွင် ဖျော်ဖြေနေစဉ် သူ၏
မှားယွင်းမှုများကို ရယ်ကာမောကာ ဖြတ်ကျော်ရဲသူလည်းဖြစ် ဆိုကြသည်။ သူမသည်
စစ်သည်ဘ၀ ထွက်ခွင့်ရခဲ့ပြီး၊ ကင်မ်ဂျုံအန်သည် သူမ၏ အနောက်တိုင်းဆန်သည့်
အမူအယာများအပေါ် မျက်စိကျခဲ့သည် ဟု သတင်းရင်းမြစ်က ဆိုသည်။
ကင်မ်ဂျုံအန်သည် မစ္စက်ရိကို လက်မထပ်မီအချိန်က Seo ရွေးချယ်ရန်
ကြံခဲ့သော်လည်း သူ၏ အနီးကပ်အကြံပေးများက မစ္စက်ရိကိုသာရွေးရန်၊ သူမသည်
မြောက်ကိုရီးယားကို စတင်တည်ထောင်ခဲ့သော ကင်မ်အီဆန်၏ ဇနီးသည် ဆင်တူသည့်
အချက်များ ပိုင်ဆိုင်ထားသူဖြစ်ကြောင်း တိုက်တွန်းခဲ့ကြသည်ဟုလည်း ဆိုသည်။
လေ့လာသုံးသပ်သူများက ကင်မ်ဂျုံအန်သည် သူ၏ အဖိုး ကင်မ်အီဆန်၏ အမူအယာနှင့်
ဖက်ရှင်ကို အတုခိုးထားကြောင်း၊ ဆံပင်ပုံစံမှ အစ
မော်စတိုင်-ကိုယ်ကျပ်ခါးတိုအင်္ကျီများ ၀တ်ဆင်ပုံများမှာလည်း
ပုံစံတူဖြစ်နေကြောင်း ဆိုကြသည်။ လက်ရှိဇနီးသည်ကို အလျင်အမြန်
ရွေးချယ်မိခြင်းမှာ သူ၏ ငယ်ရွယ်သည့် အသက်ရွယ်အရ ဖြစ်နိုင်သည်ဟု ခန့်မှန်းကြ
သည်။
လက်ရှိအချိန်တွင် Miss Seo မှာ အန်ဟာဆု သံစုံတီးဝိုင်း၌ပင်
သူမ၏ အဆိုကျော်ဘ၀ကို ဆက်လက်ရှင်နေလျှက်နေဆဲ ဖြစ်သည်။ ယခုကဲ့သို့
သတင်းများထွက်ပေါ်လာခြင်းမှာလည်း မြောက်ရီးယားမှ နာမည်ကျော်
တေးဂီတပညာရှင်များနှင့် အဆိုတော်အသိုင်းအ၀ိုင်း၏ အတင်းအဖျင်း စကားများ၏
သားကောင်ဖြစ်ရသလား၊ ဖြစ်ရပ်မှန်လား ဆိုသည်ကိုမူ မည်သူကမှ အတိအကျ
မပြောနိုင်သေးပါ။
Ref: Telegraph
မြန်မာ့ခေတ်
No comments:
Post a Comment