မန်ချက်စတာယူနိုက်တက် လူငယ်ကစားသမားလေး အက်ဒ်နန် ဂျနုဇတ်ဟာ
၅
နှစ်သက်တမ်းရှိ စာချုပ်သစ်မှာ လက်မှတ်ရေးထိုးလိုက်ပြီး ဖြစ်ကြောင်း သိရသည်။
ဂျနုဇတ်ဟာ
မန်ချက်စတာယူနိုက်တက် ကစားသမားဘဝ ပထမဆုံး ပြိုင်ပွဲအဖြစ် ကွန်မြူနတီ
ဒိုင်းပြိုင်ပွဲမှာ လူစားဝင်ကစားသမားအဖြစ် ပါဝင် ကစားခွင့် ရခဲ့ပြီး
ပထမဆုံး ပွဲထွက် ကစားသမားအဖြစ် ပြီးခဲ့သည့် အပါတ်က ဆန်းဒါးလန်းအသင်းနှင့်
ပွဲစဉ်မှာပါဝင် ပွဲထွက်ခွင့် ရခဲ့ပြီး ၂ ဂိုးသွင်းယူပေးနိုင်ခဲ့သည့်
လူငယ်ကစားသမားလေး ဖြစ်သည်။
စာချုပ်ချုပ်ဆိုလိုက်နိုင်ခြင်းနှင့်
ပါတ်သက်ပြီး ဒေးဗစ်မိုယေးစ်က “အက်ဒ်နန်ဟာ ယူနိုက်တက်မှာ ဆက်နေသွားတော့မှာ
ဖြစ်တဲ့အတွက် ကျနော် ကျေနပ်မိပါတယ်။ သူဟာ ထူးချွန်တဲ့ အရည်အသွေးတွေနဲ့
ကစားသမားလေးပါ။ ကျနော် ဇူလိုင်လက မန်ယူနိုက်တက်ကို ရောက်လာကတည်းက သူဟာ
ပုံမှန်ခြေစွမ်း ပြသနေခဲ့ပြီး ကျနော့်ကို ကျေနပ်စေခဲ့ပါတယ်။ သူ့ရဲ့
ဟန်ချက်ထိန်းပုံ၊ ဘောလုံးစောင့်ဆိုင်းပုံ၊ ပြိုင်ဖက်ကို ကျော်လွှားနိုင်တဲ့
အရည်အချင်းတွေဟာ သူ့အသက် သူ့အရွယ်နဲ့ တကယ့်ကို ထူးခြားလွန်းပါတယ်။ သူ
ဒီအသင်းနှင့် ချိတ်ဆက်မိတာဟာ သိပ်ကို ကောင်းပါတယ်။ လူငယ်ကစားသမားတွေကို
ပြိုင်ပွဲကြီးတွေမှာ နေရာပေးတတ်တာဟာ အစဉ်အလာတစ်ခုလို ဖြစ်နေတဲ့ ဒီအသင်းဟာ
သူ့အတွက်တော့ အကောင်းဆုံး နေရာတစ်ခုပါပဲ။ ” ဟု ပြောကြားသွားခဲ့သည်။
ကစားသမားဖြစ်သူ ဂျနုဇက်မှလည်း “မန်ချက်စတာယူနိုက်တက်အသင်းနှင့်
စာချုပ်ချုပ်ဆိုခွင့် ရတာဟာ တကယ့်ကို စိတ်လှုပ်ရှားစရာ တစ်ခုပါ။ ကျနော်
ဒီကို စရောက်လာကတည်းက ဒီအသင်းဟာ ကျနော့်အတွက် မှန်ကန်တဲ့ အသင်းတစ်သင်း
ဖြစ်တယ်ဆိုတာ ကျနော် အမြဲတမ်း ခံစားခဲ့ရပါတယ်။ ဒီရာသီကတော့ ကျနော့်အတွက်
ထူးရှယ်ပါပဲ။ ရာသီကြို ခြေစမ်းပွဲတွေမှာလည်း လိုက်ပါခဲ့ရသလို
ကွန်မြူနတီဒိုင်းပွဲကို ဝင်ဘလေမှာ ကစားပြီး အရယူနိုင်ခဲ့တယ်။ ပြီးတော့
ဆန်းဒါးလန်းပွဲမှာ ပွဲထွက်ပြီး တောက်ပပြနိုင်ခဲ့တာဟာ တကယ့်ကို ထူးရှယ်ပါ။
ဒါတွေဟာ အိပ်မက် တစ်ခုလိုပါပဲ။ အခုဆိုရင် မန်ချက်စတာယူနိုက်တက်
ကစားသမားတစ်ယောက်အဖြစ် အခြေကျလာအောင် တည်ဆောက်ဖို့အတွက် အလုပ်ကို ပိုပြီး
ကြိုးစားချင်စိတ် ရှိနေပါပြီ။” ဟု ကျေနပ်စွာ ပြောကြားခဲ့သည်။
Written by အောင်စိုးမိုး(နတ်ရွာ)
Football Café
No comments:
Post a Comment