ယာနူဇက်ဂ်ျသည် ဘယ်လ်ဂျီယံတွင် မွေးဖွားသော်လည်း မိဘမျိုးရိုး
ဆက်နွယ်မှုများအရ ဘယ်လ်ဂျီယံ၊ အယ်လ်ဘေးနီးယား၊ တူရကီ၊ ဆာဘီးယားနှင့်
ကိုဆိုဗိုတို့ကို ကိုယ်စားပြုခွင့် ရှိနေသည်။
ယာနူဇက်ဂ်ျကို အင်္ဂလန် လက်ရွေးစင် အသင်းအတွက် အလိုရှိနေ
အင်္ဂလန် လက်ရွေးစင် အသင်းအတွက် အက်ဒ်နန် ယာနူဇက်ဂ်ျကို မိမိအလိုရှိကြောင်း
အင်္ဂလန် မန်နေဂျာ ရွိုင်ဟော့ဂ်ဆန်က အတည်ပြု ပြောကြားလိုက်သည်။ မန်ချက်စတာ
ယူနိုက်တက် အသင်းနှင့်အတူ တောက်ပလာသည့် ဘယ်လ်ဂျီယံ လူငယ်လေးသည်
နိုင်ငံလက်ရွေးစင် အသင်းတစ်ခုအတွက် ကိုယ်စားပြု ပါဝင်ခြင်း မရှိသေးချေ။
အသက်(၁၈)နှစ်သာ ရှိသေးသည့် ကွင်းလယ် ကစားသမားလေး အနေဖြင့် ဆန်းဒါးလန်းကို
(၂-၁)ဖြင့် အနိုင်ရသော ပွဲစဉ်တွင် လှပသော သွင်းဂိုး(၂)ဂိုး
ရရှိခဲ့သည့်နောက် ကမ္ဘာ့ဘောလုံးလောက၏ အာရုံစိုက်မှုကို ခံလာရသည်။
ယာနူဇက်ဂ်ျသည် ဘယ်လ်ဂျီယံတွင် မွေးဖွားသော်လည်း မိဘမျိုးရိုး
ဆက်နွယ်မှုများအရ ဘယ်လ်ဂျီယံ၊ အယ်လ်ဘေးနီးယား၊ တူရကီ၊ ဆာဘီးယားနှင့်
ကိုဆိုဗိုတို့ကို ကိုယ်စားပြုခွင့် ရှိနေသည်။
ယခုအခါ အင်္ဂလန်
လက်ရွေးစင် အသင်းကပါ ၎င်းကို လိုလားလာ သည့်နောက် ယာနူဇက်ဂ်ျ အနေဖြင့်
လက်ရွေးစင်အတွက် ရွေးချယ်ခွင့် (၆)ခုစာ ရှိလာပြီ ဖြစ်သည်။ ယာနူဇက်ဂ်ျသည်
(၂၀၁၁)ခုနှစ် ကတည်းက အန်းဒါးလက်ခ်ျ လူငယ်အသင်းမှ ယူနိုက်တက် လူငယ်အသင်းသို့
ကူးပြောင်းလာခဲ့သည်။ ၎င်းသည် တစ်ချိန်က အယ်လ်ဘေးနီးယားအတွက်
ကစားပေးလိုကြောင်း ဖွင့်ဟခဲ့ဖူးသည်။ ဟော့ဂ်ဆန်က BBCနှင့် အင်တာဗျူးတွင်
"ယာနူဇက်ဂ်ျဟာ တကယ့်ကို စစ်မှန်ပြည့်စုံတဲ့ လူငယ်သွေးသစ် ကစားသမားလေးပါ။
သူ့ကို ကျွန်တော်တို့ အလေးအနက် စောင့်ကြည့်နေရပါမယ်။ ဒါပေမဲ့
ဆွေးနွေးညှိနှိုင်းစရာတွေ အများကြီး ရှိနေဦးမှာပါ"ဟု ပြောကြားခဲ့သည်။
အင်္ဂလန်အတွက် ပြဿနာ တစ်ရပ်မှာ FIFA၏ စည်းမျဉ်းသတ်မှတ်ချက်အရ ကစားသမား
တစ်ဦးသည် မိမိ၏ မျိုးရိုးဆင်းသက်မှုနှင့် ဆက်စပ်သော နိုင်ငံ တစ်ခုကို
ကိုယ်စားပြုလိုပါက အသက်(၁၈)နှစ်ပြည့်ပြီး နောက်ထပ် (၅)နှစ် ကြာသည်အထိ
ယင်းနိုင်ငံမှ ကလပ်အသင်း တစ်ခုခုတွင် ကစားနေရမည်ဟု သတ်မှတ်ထားခြင်း
ဖြစ်သည်။ ထို့ကြောင့် ယာနူဇက်ဂ်ျ အနေဖြင့် အင်္ဂလန်ကို ရွေးချယ်ပါက
(၂၀၁၈)ခုနှစ်၊ ဖေဖော်ဝါရီလမှ လက်ရွေးစင် ဂျာစီကို စတင်ဝတ်ဆင်ခွင့်
ရရှိမည့်သဘောမျိုး သက်ရောက်လာသည်။ ယင်းမတိုင်မီ ယာနူဇက်ဂ်ျ အနေဖြင့်
အခြားနိုင်ငံ တစ်ခုခုအတွက် ကိုယ်စားပြုရန် ရွေးချယ်နိုင်သော်လည်း FAက
မျှော်လင့်ထားဆဲ ဖြစ်သည်။ ယူနိုက်တက် မန်နေဂျာ ဒေးဗစ်မိုယက်စ်ကမူ
"ယာနူဇက်ဂ်ျဟာ ကိုယ်လိုလားတဲ့ နိုင်ငံအတွက် ရွေးချယ်ဖို့ အပြည့်အဝ
အခွင့်အရေး ရှိပါတယ်"ဟု မှတ်ချက်ပြုခဲ့သည်။
Planet Myanmar Network
No comments:
Post a Comment