မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်တွင် ပုဂ္ဂလိက လျှပ်စစ်ဓာတ်အား
ဖြန့်ဖြူးရေးလုပ်ငန်း တာဝန်ယူ ဆောင်ရွက်နေသည့် ပစိဖိတ်
ကုမ္ပဏီလီမိတက်က
မြန်မာ့ လျှပ်စစ်ဓာတ်အား
ဖြန့်ဖြူးရေးလုပ်ငန်းမှ လွှဲပြောင်း ရယူထားသည့် လျှပ်စစ်ဝန်ထမ်းများကို
ဌာနသို့ ပြန်လည် လွှဲပြောင်းအပ်နှံရန် အကြောင်းကြားထားကြောင်း
မန္တလေးတိုင်းဒေသကြီး မြန်မာ့လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း
တာဝန်ရှိသူထံမှ သိရသည်။
မြန်မာ့လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၏ လျှပ်စစ် ကျွမ်းကျင်ဝန်ထမ်း၊
မီတာဖတ်စာရေးနှင့် စာရင်းကိုင်များကို ပစိဖိတ်ကုမ္ပဏီက လက်ခံ
ခန့်အပ်ထားခဲ့ရာမှ အဆိုပါဝန်ထမ်း ၂၀ ဦးကို သက်ဆိုင်ရာဌာနသို့ ပြန်လည်
လွှဲပေးလိုကြောင်း ပြီးခဲ့သည့် စက်တင်ဘာလက စတင်၍ စာတင်ခဲ့ခြင်း ဖြစ်သည်ဟု
မြန်မာ့လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက
ပြောကြားသည်။
“ဌာနကနေ သူတို့လွှဲပြောင်း ရယူထားတာ ပြန်အပ်ချင်တိုင်း
မရပါဘူး။ ဝန်ထမ်းရေးရာ ကြီးကြပ်ရေးအဖွဲ့ဆိုတာ ရှိပါတယ်။ အဲဒီအဖွဲ့က စီစဉ်
ဆောင်ရွက်နိုင်တယ်ဆိုတာ ဌာနနဲ့ ကုမ္ပဏီစာချုပ်ထဲမှာ ထည့်ပြီးသားပါ” ဟု
၎င်းကဆိုသည်။
ပစိဖိတ်ကုမ္ပဏီသည် ဓာတ်အား ကောက်ခံခြင်းနှင့် ပတ်သက်၍
စာရင်းသွင်းခြင်းများကို ကွန်ပျူတာ Software စနစ်ဖြင့် အကောင်အထည်
ဖော်ခြင်းကြောင့် ဝန်ထမ်းများ မလိုအပ်တော့ကြောင်း ပစိဖိတ်
ကုမ္ပဏီမြို့နယ်ရုံးမှ ဦးအောင်လွင်ဦးက ပြောကြားသည်။
“ဝန်ထမ်းတွေကို
ထုတ်တယ်ဆိုတာ အတည်မဟုတ်သေးပါဘူး။ ကုမ္ပဏီမှာရှိတဲ့ဌာနက ဝန်ထမ်းတွေ
ဌာနကိုပြန်သွားချင် ပြန်သွားလို့ ရအောင်လို့ပါ” ဟု ၎င်းကဆိုသည်။
မြန်မာ့လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းက လွှဲယူထားသည့် လစာကျပ် ၆၃,၀၀၀
ရရှိသည့် ဝန်ထမ်း ၂၀ ဦးကို ဌာနသို့ ပြန်လည် လွှဲအပ်ရန် ပစိဖိတ်ကုမ္ပဏီက
စာတင်ခြင်း ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး မြန်မာ့လျှပ်စစ်ဓာတ်အား
ဖြန့်ဖြူးရေးလုပ်ငန်းထံမှ သိရသည်။
မီတာဖတ်စာရေး သုံးဦးတွင်
စာရင်းကိုင်နှစ်ဦး ထားရှိရကြောင်း၊ မီတာဖတ်စာရေး တစ်ဦးလျှင် မီတာအလုံးရေ
၈၀၀ ခန့် တာဝန်ယူရကြောင်း၊ ကွန်ပျူတာစနစ်ကို အသုံးပြုသဖြင့် အဆိုပါ
ဝန်ထမ်းများဦးရေ လျှော့ချခြင်း ဖြစ်ကြောင်း အဆိုပါဌာနနှင့် ကုမ္ပဏီထံမှ
သိရှိရသည်။
မန္တလေးတိုင်းဒေသကြီး မြန်မာ့လျှပ်စစ်ဓာတ်အား
ဖြန့်ဖြူးရေးလုပ်ငန်းက မြို့နယ်များအလိုက် ဓာတ်အား ဖြန့်ဖြူးခြင်းကို
ပုဂ္ဂလိက လျှပ်စစ်ကုမ္ပဏီများသို့ ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်မှစတင်
လွှဲပြောင်းပေးခဲ့သည်။
The Voice Weekly
No comments:
Post a Comment