Pages

13.10.13

ပြည်ထောင်စုလွှတ်တော် နာယက သြစတြီးယား သမ္မတနှင့် သွားရောက်တွေ့ဆုံ

ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် အောက်တိုဘာ ၁၂ ရက် နံနက်ပိုင်းတွင် သြစတြီးယားနိုင်ငံ သမ္မတနန်းတော်၌ သြစတြီးယားနိုင်ငံ သမ္မတနှင့် သွားရောက်တွေ့ဆုံခဲ့ကြောင်း မြန်မာ့ရုပ်မြင်သံကြား၏ သတင်းကြေညာချက်အရ သိရသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်ပြီး ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း ဦးဆောင်သည့် အဖွဲ့သည် အောက်တိုဘာ ၁၁ ရက်တွင် သြစတြီးယားနိုင်ငံ လွှတ်တော်ဥက္ကဋ္ဌ၏ ဖိတ်ကြားချက်အရ ချစ်ကြည်ရေး သွားရောက်ရန်အတွက် ဆွစ်ဇာလန်နိုင်ငံမှတစ်ဆင့် လေကြောင်းခရီးဖြင့် ထွက်ခွာခဲ့ပြီး အောက်တိုဘာ ၁၂ ရက် နံနက်ပိုင်းတွင် ရောက်ရှိခဲ့ကာ သြစတြီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် တာဝန်ရှိသူများက လေဆိပ်တွင် ကြိုဆိုခဲ့ကြကြောင်း သိရသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယကနှင့် အဖွဲ့အား သြစတြီးယားနိုင်ငံ လွှတ်တော်ဥက္ကဋ္ဌက ပါလီမန် အဆောက်အအုံ ထမင်းစားခန်းမတွင် နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရပြီး ဆက်လက်ပြီး ပြည်ထောင်စုလွှတ်တော် နာယကနှင့် အဖွဲ့ဝင်များသည် သြစတြီးယားနိုင်ငံ လွှတ်တော်အဆောက်အအုံအတွင်း ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment