မိုးယုစံက ‘ဟုတ် ကဲ့ မမ’ ဇာတ်ကား ကို ဟိန်းဝေယံနဲ့ အတူပါဝင်သရုပ်
ဆောင်နေပါတယ်။ ဒီဇာတ်ကားထဲမှာ မိုးယုစံက ဇာတ်ကားနာမည်နဲ့ လိုက်အောင်မာနကြီး
ပြီး ဟောကိန်းတွေကို
မုန်းတဲ့မမနေရာကနေပြီး ပါဝင်သရုပ်ဆောင်ထားပါတယ်။
မိုးယုစံကအနောက်ပိုင်းတော့ ဇာတ် ကားရွေးချယ်ရိုက်ကူးမှုတွေကို အရင်က
ထက်ပိုပြီးတော့ ရွေးချယ်ရိုက်ကူးဖြစ် လာတယ်လို့ ဆိုပါတယ်။ “ကိုယ့်ဆီလာတဲ့
ဇာတ် တွေ အားလုံးက ကောင်းပါ တယ်။အများစုတော့ ရွေး
ပြီးရိုက်ဖြစ်တယ်။မရိုက်ဖြစ် တဲ့ ကားကနည်းပါတယ်။ ဒါ ပေမဲ့ အခုနောက်
ပိုင်းမှာ မိုးယုက ဇာတ်ကို ရွေးပြီးရိုက် ဖြစ် တယ်။အရင်တုန်းကတော့
ကိုယ်ကအနုပညာစလုပ်တုန်းဆိုတော့ တော် တော်များများဇာတ်ကားကိုရိုက်ဖြစ်တယ်။
အခုနောက်ပိုင်းတော့ အဲဒီလိုမျိုး မရိုက် ဖြစ်တော့ဘူး။
ဘာဖြစ်လို့လည်းဆိုတော့ တခြားကြောင့်တော့ မဟုတ်ပါဘူး။ ကိုယ့် အတွက်
လုပ်ကွက်များများရတဲ့ ဇာတ်မျိုးလေး တွေ၊ပြီးတော့ ကာရိုက်တာဆိုလည်း ဆန်း တဲ့
နေရာ မျိုးတွေဆိုရင် ပိုပြီးလက်ခံရိုက် ကူးဖြစ်တယ်။နောက်ပြီးပါတဲ့
မင်းသားတို့၊ ဒါရိုက်တာတို့ကိုလည်း ကြည့်ဖြစ်ပါတယ်။
မိုးယုက
အဲဒီလိုရွေးပြီး ရိုက်တယ်ဆိုပေ မယ့် မြန်မာပြည်မှာကသိပ်ပြီးတော့ လည်း
ရွေးလို့အဆင်မပြေဘူး။တချို့ဇာတ်ကား တွေဆိုရင်လူတွေတအားများပြီး အပြိုင်တွေ
ပါတော့ ကိုယ့်အတွက် နေရာမရတာ တွေလည်းရှိ တယ်။အဲဒီလိုမျိုးဆိုရင်တော့
မရိုက်ဖြစ်ဘူး။ကိုယ်တစ်ယောက်တည်းဆို ရင်တော့ရိုက်ဖြစ်ပါတယ်” လို့
ပြောပါတယ်။
မိုးယုစံကသရုပ်ဆောင်တစ်ယောက် ဖြစ်တဲ့အတွက်
ကာရိုက်တာမျိုးစုံကို သရုပ် ဆောင်ကြည့်ချင်ပြီး ကိုယ်လုပ်နိုင်တဲ့ ဇာတ်
ရုပ်ကိုဘယ်ဇာတ်ရုပ်မဆိုစုံအောင် ရိုက် ပြချင်ပါတယ်လို့ ဆိုပါတယ်။မိုးယုစံက
ကိုယ်ရွေးတဲ့ဇာတ်ကို ပရိသတ်ကလည်းလက်ခံပြီးကြိုက်တယ်ဆိုရင် ပင်ပန်းရကျိုး
နပ်ပြီးပရိသတ်ရဲ့အားပေးမှုက်အား တစ်ခု ဖြစ်ေ စပါတယ်လို့ဆိုပါတယ်။
လွင်လွင်ထွန်း
ဓာတ်ပုံ- အိသွဲ့(တန့်ယန်း)
Popular Journal
No comments:
Post a Comment