Miss Universe Myanmar 2013 ဆုရှင် မိုးစက်ဝိုင်နဲ့ ပတ်သက်ပြီး တရုတ်သတင်း
မီဒီယာတွေ က ဖော်ပြနေကြပါတယ်။
ဒီလို ဖော်ပြရာမှာ အမေရိကန်မှာ ပညာသင်ယူခဲ့တဲ့ မိုးစက်ဝိုင် ခေါ် Yang
Xinrong ဟာ ၂၀၀၉ ခုနှစ်က Miss Chinese International 2009
ဆုရှင်ဖြစ်ခဲ့ဖူးသလို 2009 Golden Phoenix Cup ရဲ့ Miss China contest
runner-up ဆုရှင်လည်း ဖြစ်တယ်လို့ ဖော်ပြကြပါတယ်။
ဒီလိုမျိုး ဆုရှင်က အခုလာမယ့် နိုဝင်ဘာလ ၉ ရက်နေ့ ရုရှားနိုင်ငံမှာ ကျင်းပမယ့် မယ်စင်္ကြာဝဠာပြိုင်ပွဲမှာ
မြန်မာနိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်ရတော့မှာဖြစ်တဲ့အကြောင်း၊ ဒါဟာ ၂၀၁၁
ခုနှစ်က စပြီး စစ်အုပ်ချုပ်ရေး စခန်းသိမ်းသွားပြီးနောက် နှစ် ၅၀ ကျော်မှ
မယ်စင်္ကြာဝဠာပြိုင်ပွဲကို ပြန်လည်ဝင်ရောက်လာ တာဖြစ်တဲ့ အကြောင်းတွေ
ဖော်ပြထားပါတယ်။
( Moe Sat Y ) မိုးစက်ဝိုင်ကို
အခုလိုတရုတ်သတင်းမီဒီယာတွေက ဖော်ပြမှုတွေရဲ့နောက် ဆက်တွဲမှာ Miss Universe
Myanmar ရွေးချယ်မှုအပေါ် မေးခွန်းထုတ်လာကြပါတယ်။
ဒါပေမယ့် Miss
Myanmar Universe Organization ကတော့ ဖေ့စ်ဘုတ်စာမျက်နှာကတဆင့်
မိုးစက်ဝိုင် အပေါ် ဝေဖန် ပြောဆိုနေမှုတွေကို ဂုဏ်သိက္ခာငဲ့ညှာတဲ့အနေနဲ့
ရပ်တန့်သင့်တယ်လို့ မေတ္တာရပ်ခံထား ပါတယ်။
“MISS UNIVERSE MYANMAR
2013 မိုးစက်ဝိုင် အား Online နှင့် Facebook စာမျက်နှာများပေါ်တွင် လူနည်း
တစ်စုမှ ဂုဏ်သိက္ခာညှိုနွမ်းအောင် အများပြည်သူထင်ယောင်ထင်မှားဖြစ်အောင်
သတင်းအချက် အလက် ထုတ် လွှင့်ခြင်းမျိုးမဟုတ်ပဲ
အတင်းဖြန့်ဝေနေခြင်းများအားမိမိတို့၏ အမည်၊ မိမိတို့၏ ဂုဏ်သိက္ခာ
စောင့်ထိန်းရေးသား ပြော ဆိုကြပါရန် MISS UNIVERSE MYANMAR ORGANIZATION အနေဖြင့် ရပ် တန့်ပေးပါရန် တိုက် တွန်း ပြောဆိုလိုက်သည်။
ထိုကဲ့သို့ ရေးသားသူလူနည်းစု အနေဖြင့်
မည်ကဲ့သို့ရည်ရွယ်ချက်မျိုးဖြင့်ဆောင်ရွက်နေခြင်းဖြစ်သည်ကို MISS UNIVERSE
MYANMAR ORGANIZATION နှင့် မိုးစက်ဝိုင် ကို အားပေးကြသော မိဘပြည်သူများ က
သိရှိ သော်လည်း ယင်းတို့၏ဂုဏ်သိက္ခာအားငဲ့ညှာထောက်ထားသောအားဖြင့် ယခုကဲ့သို့
တိုက်တွန်းရေးသား လိုက် ရ ခြင်းဖြစ်ပါသည်။” လို့ MISS UNIVERSE MYANMAR
ORGANIZATION ရဲ့ ဖေ့စ်ဘုတ် မှာ ဖော်ပြထားပါတယ်။
အိမ့်သံစဉ် ~
ဧရာဝတီblog
No comments:
Post a Comment