၁၁-၁၀-၂၀၁၃ ရက်နေ့ ၀၈၃၅ အချိန် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊
အမှတ်(၃၄)မူးယစ်တပ်ဖွဲ့စုကော့သောင်းမှ တပ်ဖွဲ့ဝင်များသည်
မူးယစ်ဆေးဝါးသတင်းအရ သက်သေများနှင့် အတူ
ကော့သောင်းမြို့၊ သီရိမြိုင်ရပ်ကွက်နေ ချိန်တီ(၅၂)နှစ်၏နေအိမ်အား
ဝင်ရောက်ရှာဖွေခဲ့သည်။ ထိုသို့ရှာဖွေရာ နေအိမ်ရှေ့ခန်းရှိ ဘီဒိုအတွင်းမှ
စိတ်ကြွရူးသွပ်ဆေးပြား(၆၉၁၈)ပြား၊ တန်ဘိုးငွေကျပ် (၃၈၀.၄၉)သိန်း
သိမ်းဆီးရမိသဖြင့် ချိန်တီအား ကော့သောင်းမြို့မရဲစခန်း မယ(ပ)၅၀/၂၀၁၃၊
မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ
၁၅/၁၉(က)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်
No comments:
Post a Comment