ရန်ကုန်တိုင်း ဒေသကြီးတွင် ယာဉ်ကြော ပိတ်ဆို့မှု လျော့နည်း သွားစေရန်
မြို့အနှံ့ရှိ အဓိက
ကျသော လမ်းမများ ပေါ်၌ ကားမှတ်တိုင်များတွင် ယာဉ်လိုင်းများမှ
မော်တော် ယာဉ်များကို ရပ်၊ ချ၊ တင်၊ ထွက်စနစ် ကျင့်သုံးရန် သက်ဆိုင်ရာမှ
ထုတ်ပြန် ကြေညာ ထားသော်လည်း လိုက်နာ ကျင့်သုံးခြင်း၊ အရေးယူ ဆောင်ရွက်ခြင်း
နည်းနေသေး သဖြင့်
တချို့နေရာများ၌ ယာဉ်ကြောများမှာ
ဆိုးဆိုးရွားရွား ပိတ်ဆို့နေဆဲ ဖြစ်သည်ကို တွေ့ရသည်။ သို့သော် မြို့တော်
ခန်းမရှေ့ရှိ ဆူးလေ မှတ်တိုင်တွင်မူ ရပ်၊ ချ၊ တင်၊ ထွက်စနစ်ကို သက်ဆိုင်
ရာမှ စောင့်ကြည့် ကြီးကြပ်ကာ စံပြ ကျင့်သုံးစေသည့် အတွက် ယာဉ်ကြော
ရှင်းလင်းပြီး လိုင်းကားများ အပြင် တခြားသော မော်တော်ယာဉ်များလည်း အဆင်ပြေ
ချောမွေ့စွာ မောင်းနှင် သွားလာ လျက် ရှိသည်ကို တွေ့ရသည်။
အဆိုပါ
မြို့တော် ခန်းမရှေ့ရှိ ဆူးလေ မှတ်တိုင်တွင် လိုင်းကားများ စနစ်တကျ ခရီးသည်
အတင်အချ ပြုလုပ်နိုင်စေရန် Barrier များ ကာရံပြီး Channel တစ်ခု
လုပ်ပေးထားကာ ထို Channel အတွင်း၌ တခြားသော ယာဉ်များ ဝင်ရောက် ရပ်နားခြင်း
မပြုလုပ်ရန် ဆိုင်းဘုတ်များ ဖြင့် သတိပေး ထားသည်။ ထို့အပြင် လိုင်းကားများ
စနစ်တကျ ရပ်နားပြီးရပ်၊ ချ၊ တင်၊ ထွက် စနစ်ကို ကျင့်သုံးခြင်း ရှိ၊ မရှိ
စောင့်ကြည့်ရန် အနီးအနားတွင် CCTV Camera များကိုလည်း တပ်ဆင် ထားသည်ကို
တွေ့ရသည်။
ယခု လက်ရှိတွင် ရပ်၊ ချ၊ တင်၊ ထွက်စနစ်ကို ကျင့်သုံးရန်
သက်ဆိုင်ရာမှ ပညာပေး ကာလအဖြစ် သတ်မှတ် ဆောင်ရွက်လျက် ရှိသော်လည်း
ပညာပေးကာလ နောက်ပိုင်းတွင် တိတိကျကျ လိုက်နာ ကျင့်သုံးခြင်း မရှိသော
မော်တော်ယာဉ်များကို အပြစ်ပေး အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့တွင် မော်တော်ယာဉ်များ အားလုံး သည် ရပ်၊ ချ၊ တင်၊ ထွက်
စနစ်ကို တိတိကျကျ လိုက်နာ ကျင့်သုံးမည် ဆိုပါက ယာဉ်ကြော ပိတ်ဆို့မှု
အခြေအနေသည် ၅ဝ ရာခိုင်နှုန်းခန့် အထိ လျော့ကျသွား နိုင်ဖွယ်ရှိကြောင်း
ယာဉ်စည်းကမ်း ထိန်းသိမ်းရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
မြ၀တီ
No comments:
Post a Comment