ကိုကိုးကျွန်းသို့ ရန်ကုန်မှ ပို့ပေးနေကျရိက္ခာသင်္ဘောများ
ရောက်မ
လာသောကြောင့် ကျွန်းသူကျွန်းသားများ
ရိက္ခာအခက်အခဲကြုံတွေ့နေရကြောင်း
သတင်းရရှိသည်။
ရန်ကုန်တိုင်းဒေသကြီး၊
ကိုကိုးကျွန်းမြို့နယ်သို့ရိက္ခာပို့သည့်
သင်္ဘောများ ရောက်မလာသည်မှာ
ခြောက်လခန့်ရှိနေသောကြောင့် အစားအသောက်အခက်အခဲများ ဖြေရှင်းပေးနိုင်ရန်
ပွင့်လင်းရာသီ
ချိန်မှစတင်ကာတစ်လတစ်ကြိမ်နှုန်းဖြင့် ရေယာဉ်တစ်မျိုးမျိုးက
ပြေးဆွဲပေးသင့်ကြောင်း ကိုကိုးကျွန်းမြို့မရဲတပ်ဖွဲ့စခန်းမှူး
ရဲအုပ်မင်းဟန်ကပြောသည်။
“ကျွန်တော်တို့ဝန်ထမ်းတွေအတွက် ရိက္ခာက
ထွေအုပ်ရုံးကတာဝန်ယူပြီး ဆန်ငါးလစာ စုပုံဆိုပြီး ပေးထားလို့ရှိပေမယ့်
ကျွန်းသူကျွန်းသားတွေအတွက် ဈေးနှုန်းနှစ်ဆမကဖြစ်နေတယ်။ နောက်တစ်ခုက
ဟင်းချက်စရာငါးကလွဲလို့ အကုန်ရှားတယ်။ ရာသီဥတုကမကောင်းတော့ ကျွန်းကနေ
သူတို့တွေ လှေမထွက်နိုင်ဘဲ ဟိုင်းကြီးကျွန်းမှာလည်း
စားစရာသွားမ၀ယ်နိုင်ဘူး။ အသီးအရွက်၊ ခရမ်းချဉ်သီး ကုန်ကုန်ပြောရင်
ကြက်ဥတောင် ရှာဝယ်လို့မရတော့ဘူးဖြစ်ကုန်ပြီ”ဟု ရဲအုပ်မင်းဟန်ကပြောသည်။
ရာသီဥတုကောင်းမွန်ပါက ကျွန်းသူကျွန်းသားများသည် ၎င်းတို့ပိုင်လှေများဖြင့်
လှော်ခတ်ကာ ဟိုင်းကြီးကျွန်းမှတစ်ဆင့် ပုသိမ်နှင့် ရန်ကုန်သို့သွားကာ
စားနပ်ရိက္ခာများ ၀ယ်ယူကြသော်လည်း လက်နက်ကိုင်အဖွဲ့အစည်းများမှ
လိုက်ပါဝယ်ယူခွင့်မရှိသောကြောင့် ၎င်းတို့အတွက် ဆန်မှလွဲ၍ ဟင်းချက်စရာ
အခက်အခဲရှိနေကြောင်း ရဲအုပ်မင်းဟန်ကပြောကြားသည်။
ကိုကိုးကျွန်းအနီး ရေပြင်တွင် အောက်တိုဘာဒုတိယအပတ်က
မြန်မာ့ကမ်းရိုးတန်းသို့ ဖြတ်သန်းခဲ့သည့် မုန်တိုင်းကြောင့် ပင်လယ်ပြင်တွင်
လှေပျက်၍ မျောပါသူ ရေလုပ်သားများကို မြန်မာ့ရေတပ်က ကယ်တင်ပေးခဲ့ရပြီး
အဆိုပါဖြစ်စဉ်ကြောင့် ရေလုပ်သားအချို့ ကြောက်လန့်နေကြဆဲဖြစ်၍
ကျွန်းမှဝေးဝေးသို့ ငါးဖမ်းမထွက်ရဲကြသေးကြောင်း ရေလုပ်သားတစ်ဦးကပြောသည်။
ထိုအခါ ကိုကိုးကျွန်းအတွင်း အိမ်များတွင် မွေးမြူထားကြသည့် ကြက်၊
ဆိတ်နှင့် ၀က်များအားသတ်ကာ ရောင်းချမှသာ အခြားသူများ ၀ယ်စားရကြောင်း
၎င်းကပြောသည်။
အစိုးရအဖွဲ့သစ်မတိုင်မီအထိ
မြန်မာ့ကြယ်ငါးပွင့်ပိုင်သင်္ဘောများမှ တစ်လလျှင်တစ်ကြိမ်နှုန်း (သို့မဟုတ်)
အရေးပေါ် ပြေးဆွဲပေးသကဲ့သို့ စစ်ရေယာဉ်နှင့် ရဟတ်ယာဉ်များလည်း
လာရောက်ခြင်းကြောင့် အရေးပေါ်ရိက္ခာနှင့် ကျန်းမာရေးအတွက်
ကိုကိုးကျွန်းသူကျွန်းသားများ မပူပင်ခဲ့ရဟုဆိုသည်။
အစိုးရသစ်တက်ပြီး အဆိုပါသင်္ဘောများအား ဦးပိုင်ကို လွှဲပေးပြီးနောက်ပိုင်း
ကိုကိုးကျွန်းသို့ ပြေးဆွဲပေးခြင်းမရှိတော့ဘဲ ကော့သောင်း၊ စစ်တွေ၊
ကျောက်ဖြူသွား ကျွန်းပတ်သင်္ဘောများပါ ရောက်မလာတော့၍ ရိက္ခာသာမက
ကျန်းမာရေးကိစ္စများပါ အခက်အခဲကြုံတွေ့ရကြောင်း ရဲအုပ်မင်းဟန်ကပြောသည်။
ကိုကိုးကျွန်းတွင် တွင်းရေချိုမထွက်ဘဲ ဆန်စပါးနှင့် အခြားသီးနှံများ
စီးပွားဖြစ်မစိုက်နိုင်သကဲ့သို့ မွေးမြူရေးလည်းမဖြစ်ကြောင်း သိရှိရသည်။
ကိုကိုးကျွန်းသည် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်အတွင်းရှိ
သီးခြားမြို့နယ်တစ်ခုအဖြစ် တည်ရှိနေပြီး တောင်ဘက်မှ မြောက်ဘက်သို့
ခုနစ်မိုင်ရှည်ကာ အရှေ့အနောက် သုံးမိုင်ကျယ်သည့် ကျွန်းကြီးတစ်ခုဖြစ်သည်။
မြန်မာရေတပ်၊ မြို့နယ်ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးမှူး၊
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံး၊ မြ၀တီထပ်ဆင့်အသံလွှင့်ရုံ၊
လေယာဉ်ကွင်း၊ ဆေးရုံ၊ အခြေခံပညာအထက်တန်းကျောင်းတို့ အစုံအလင်ရှိသည်။
သို့ရာတွင် ရေချိုမထွက်သောကြောင့် မိုးရေလှောင်ကန်မှရေကို သောက်ရပြီး
စစ်တပ်ပိုင် စပါးစိုက်ခင်းရှိသော်လည်း စီးပွားဖြစ်စိုက်မရသေးကြောင်း
သိရှိရသည်။
၂၀၁၀ နှစ်ဆန်းပိုင်းတွင် ရေနက်ဆိပ်ကမ်းတည်ဆောက်ရန်
နိုင်ငံတော်အကြီးအကဲများ၏စီမံမှုဖြင့် စီးပွားရေးလုပ်ငန်းရှင်များက
သွားရောက်လေ့လာခဲ့သော်လည်း စိတ်ဝင်စားသူမရှိခဲ့ကြောင်း သိရသည်။
ယခု မိုးကာလသည် ပတ်ဝန်းကျင်နှင့် အဆက်အသွယ်ပြတ်သကဲ့သို့ ရှိနေသောကြောင့်
ကျွန်းသူကျွန်းသားများအတွက် စားနပ်ရိက္ခာသာမက ကျန်းမာရေးကိစ္စ
အရေးပေါ်ကြုံတွေ့နေသူများအတွက် ဒုက္ခရောက်နေကြောင်း
ကျွန်းပေါ်နေသူတစ်ဦးကပြောကြားသည်။
“ကိုကိုးကျွန်းရဲ့
လွှတ်တော်အမတ်က ဒီဒေသခံကိုအောင်နိုင်ပါ။ အခုတော့ ရန်ကုန်မှာပဲနေတယ်။
စက်တင်ဘာ ၄ ရက်နေ့တုန်းက တိုင်းမှူးခရီးစဉ်နဲ့ လိုက်လာဖူးတယ်။
မြို့နယ်ခန်းမမှာတော့ သူက ရိက္ခာကိစ္စ စီစဉ်ပေးမယ်ပြောသွားတယ်။
ဟိုတုန်းကလည်းပြောတာပဲ၊ ဘာတစ်ခုမှမရဘူး။ အခုဆို ကြက်ဥတောင်မရှိတော့ဘူး”ဟု
ရဲအုပ်မင်းဟန်ကပြောကြားသည်။
7Day News Journal
No comments:
Post a Comment