ခရီးစဉ်တစ်ကြောင်းအတွက် သတ်မှတ်ထားသော ၀င်ငွေ မရရှိမှုကြောင့် မေတ္တာလှိုင်း (၅)
ယာဉ်လိုင်းရှိ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ၏ လစာများ လျှော့ချသွားမည် ဖြစ်ကြောင်း ‘ဘက်စုံမြင်ကွင်း ကုမ္ပဏီ’မှ သတင်းရရှိသည်။
မေတ္တာလှိုင်း ယာဉ်လိုင်းတွင် မောင်းနှင်လျက်ရှိသော ယာဉ်မောင်း လစာအား
တစ်လလျှင် ကျပ် လေးသိန်းခွဲအထိသတ်မှတ်ထားပြီး ယာဉ်နောက်လိုက်အား ကျပ်
၂၂၅,၀၀၀ အထိ သတ်မှတ်ထားကြောင်း၊ သို့သော်ယာဉ်လိုင်း၏
ခရီးစဉ်တစ်ကြောင်းအတွက် သတ်မှတ်ထားသော ၀င်ငွေနှုန်းထားများ မပြည့်မီ
ခြင်းကြောင့် အောက်တိုဘာလကုန်မှ စတင်ကာ လစာများ ပြန်လည်
လျှော့ချသွားမည်ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီမှ သိရသည်။
“ကျွန်တ်ာတို့ဘက်က ယာဉ်မောင်းတွေ၊ ယာဉ်အကူတွေ အဆင်ပြေအောင်၊ ပြီးတော့
စည်းကမ်းရှိ လာအောင်ဆိုပြီး လစာစနစ်ကို ကျင့်သုံးတာပါ၊ ဥပမာ အခုဆိုရင်
တစ်ခေါက်ကို ကျပ် လေးသောင်းလောက် ရရမယ့်လိုင်းမှာ ကျပ် နှစ်သောင်းတောင်
မရဘူး၊ အဲဒါကြောင့် လစာကို ပြန်ပြီး လျှော့ချတာပါ၊ အခုဆိုရင်
ကျွန်တော်တို့ကုမ္ပဏီက တအားကို ရှုံးနေပါတယ်”ဟု ‘ဘက်စုံမြင်ကွင်း ကုမ္ပဏီလီမိ
တက်’မှ မန်နေဂျင်းဒါရိုက်တာ ဦးကျော်သီဟက ပြောသည်။
ယင်းကဲ့သို့
သတ်မှတ်ထားသည့် စံနှုန်းအား ပြည့်မီခြင်းမရှိပါက လစာများ ထပ်မံ၍
လျှော့ချသွားမည် ဖြစ်ကြောင်း၊ အကယ်၍ သတ်မှတ်ထား သည့်စံနှုန်း ရရှိပါက
လစာများကို ပုံမှန် ပြန်လည်ပေးသွားမည် ဖြစ်ပြီး သတ်မှတ်ထားသည်ထက်
ကျော်လွန်ပါက လစာ ထပ်မံတိုးမြှင့်ပေး သွားမည် ဖြစ်ကြောင်း အဆိုပါကုမ္ပဏီမှ
သိရ သည်။
“အခုဆိုရင် ကျွန်တော်တို့ဘက်က အရှုံးပေါ်နေတယ် ဆိုပေမဲ့
ပြည်သူတွေ အဆင်ပြေအောင် ပြေးဆွဲပေးနေတာပါ၊ ဒါပေမဲ့ယာဉ် မောင်းတွေရော၊
ယာဉ်အကူတွေရော ဒီအတိုင်းပဲ ဆက်ပြီး သွားနေမယ်၊ နောက်သုံးလနေလို့မှ
သတ်မှတ်စံနှုန်း မပြည့်ဘူးဆိုရင် ကျွန်တော်တို့ဘက်က ထုတ်မှာပါ၊ တကယ်လို့
သူတို့ဘက်ကလည်း ကြိုးစားမယ်၊ သတ်မှတ်ထားတာ ကိုလည်း ကျော်လာမယ်ဆိုရင် လစာ
ကို အရင်ကထက် တိုးမြှင့်ပေးသွား မှာပါ”ဟု ‘မေတ္တာလှိုင်းယာဉ်လိုင်း’ဥက္ကဋ္ဌ
ဦးထွန်းတောက်ဝင်းက ထပ်မံ ပြောကြားခဲ့သည်။
Automobile Journal
No comments:
Post a Comment