ရန်ကုန် ကားဈေးကွက် အတွင်း စလစ် ရှားပါး နေခြင်းကြောင့်
အောက်ကားများနှင့်
စလစ်ဈေးများ စံချိန်တင် မြင့်တက်နေသော်လည်း အပေါ်ကား
ဈေးကွက်မှာ အရောင်းအဝယ် အေးပြီး ဈေးနှုန်းငြိမ် နေကြောင်း ဟံသာဝတီ
ကားဝယ်ရောင်း စခန်းအနီးမှ ဝယ်ရောင်း လုပ်ကိုင်သူ ဦးသိန်းထွန်းက ပြောသည်။
''အ''တွေ အပ်နှံခွင့် မပေးမချင်းတော့ စလစ်ဈေးက ကျမှာ မဟုတ်ဘူး။ အခု
ရောက်နေတဲ့ ဈေးကလည်း အမြင့်ဆုံးပဲ၊ တစ်ခါမှ ဒီဈေး မဖြစ်ဖူးသေးဘူး''ဟု၎င်းက
ဆိုသည်။
လက်ရှိ စလစ်ဈေးမှာ ကျပ် ၁၁၆ သိန်း၊ ၁၁၇ သိန်းခန့်
ရှိနေပြီး ''သ''အက္ခ ရာ အောက်ကား တစ်စီးလျှင် ကျပ် ၁၁၃သိန်းခန့်
ရှိနေကြောင်း၊ အောက်တိုဘာလ ကုန်တွင် သက်တမ်းနှစ် ၂ဝ ပြည့်မည်ဖြစ်သော
''အ''အက္ခရာ အောက် ကား တစ်စီးလျှင် ကျပ် ၁ဝ၂သိန်းခန့်ရှိ နေကြောင်း ၎င်းက
ဆက်လက် ရှင်းပြသည်။
''အ''အက္ခရာ ကားတွေက ဆက်တက် ဖို့ရှိတယ်။
အခုဈေးကွက်ထဲမှာ တချို့ပွဲစားတွေက ''အ''ကို ၁ဝ၅ သိန်းအထိ ခေါ်နေကြပြီ။
ဒီလကုန် လောက်ဆို ဒီကားတွေ အပ်ခွင့်ပြု နိုင်တော့ ထပ်တက်အုံးမှာ'ဟု ၎င်းက
ပြောသည်။
အပေါ်ကား ဈေးနှုန်းသည် အရောင်းအဝယ် အေးနေခြင်းကြောင့်
ဈေးငြိမ်နေကြောင်း၊ အောက်တိုဘာလ အတွင်း အရောင်းအဝယ် သိသိသာသာ အေးလာကြောင်း
မင်းရဲကျော်စွာ ကားဝယ်ရောင်း စခန်းမှ ဝယ်ရောင်း လုပ်ကိုင်သူ တစ်ဦး
ကပြောသည်။
''အရောင်းအဝယ် ကတော့ တော်တော်အေးတယ်။ နယ်ဝယ်လက်လည်း
သုံးပုံတစ်ပုံပဲ လာတော့တယ်။ မန္တလေး ကဝယ်သူတွေဆို လုံးဝ မဆင်းတော့ဘူး''ဟု
၎င်းကဆိုသည်။
အောက်ကား များနှင့် စလစ်ဈေးမှာ စက်တင်ဘာလ တတိယပတ်မှ
စတင် မြင့်တက်ခဲ့ခြင်း ဖြစ်ပြီး အောက်တိုဘာ ဒုတိယပတ် အတွင်း အမြင့်ဆုံးသို့
ရောက်ရှိခဲ့ကြောင်း သိရသည်။
မြ၀တီ
No comments:
Post a Comment