စာဖတ်သူများအတွက့် အမှတ်မထင် ကြုံတွေ့လာနိုင်တဲ့
အခြေအနေများတွင်ပြုမူသင့်သော အချက်များကို ပြောပြပေးလိုပါတယ်။
(၁) မိုင်း (သို့) ဗုံး ကိုတွေ့ပါက အနည်းဆုံး မိုင်းနှင့် ကိုက် ၅၀ (ပေ ၁၅၀) အကွာ အဝေးသို့ရောက်အောင် သွားပါ။
(၂) မိုင်း (သို့) ဗုံး (သို့ ) ပေါက်ကွဲတတ်တဲ့ အရာဝတ္ထုလို့ သံသယရှိဖွယ်ရာ ဖြစ်လာတာနဲ့ သက်ဆိုင်ရာ
မြန်မာနိုင်ငံရဲတပ်ဖွဲ့ / အုပ်ချုပ်ရေးဆိုင်ရာတာဝန်ရှိသူ များ ထံ သတင်းပေးပို့ မူကိုအလျှင်အမြန်ဆောင်ရွက်ရန်။
(၃) အနီးအနား ပတ်ဝန်ကျင်ရှိ လူများကို ထိုနေရာသို့ မသွားရောက်ရန်နှင့် မိုင်းရှိကြောင်း သတင်းပေး အသိပေးရန်။
(၄) စပ်စပ်စုစုလုပ်၍ လူအများဖြင့် အုံတိုးကြည့်ရူမနေရန် အရမ်းအရေးကြီးပါတယ်။အဘယ့်ကြောင့်ဆိုသော်
အဝေးထိမ်းခလုပ်များဖြင့် ဖောက်ခွဲပါက လူများသောအချိန်ကို စောင့်လုပ်နိုင်သည်ကိုသတိပြုပါ။
(၅) မသင်္ကာဖွယ်ရာ အထုပ်၊ ပါဆယ်၊ ပစ္စည်များကို မိုင်းလို့ယူဆရ သုံးသပ်မိပါက လုံးဝ(လုံးဝ) ကိုင်တွယ်ခြင်း မပြုလုပ်ပါရန်။
(၆) ကားတာယာ များ (သို့) ဘေးတွင် သဲအိတ်များ (သို့) ရေဖြည့် ထားသော
ပလတ်စတစ်ပုံး များဖြင့်ဝန်းရံမူအား ဖြေး ညှင်းစွာ
လုပ်ပါဆောင်ရန်။အဘယ်ကြောင့်ဆိုသော်
*** အရှိန်ကြောင့်အသက် ဝင်နိုင်ပါသည်။ ***
(၇) ဖေ့စဘုတ်ပေါ်တင်ဖို့ စပ်စု၍ ဓါတ်ပုံမရိုက်ပါနှင့် ကင်မရာမှ အလင်းကြောင့်ဗုံးအသက်ဝင်ကာ ပေါက်အာင် လုပ်လို့ရသည်ကို
သတိပြုပါ။
(ဂ) အသံမဆူညံပါစေနှင့် အသံကြောင့်လည်း ကွဲနိုင်ပါသည် ။
*** စပ်စုသူများအနားမနေပါစေနှင့် ***
(၉) နောက်ဆုံးအချက်နေဖြင့် ဗုံး(သို့) မိုင်းကွဲကွဲခြင်း
ကြောင့်ဒါဏ်ရာရသူအား ဖေးမကူညီရန်သွားပါက မကွဲသေးသော မိုင်းကို သတိ (သတိ)ထားပါရန် အလေးနက် သတင်းပေးပါရစေ။
အားလုံးသော မိတ်ဆွေများ အန္တရယ်ကင်း ဘေးရှင်းပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်။
ref:wanapaetaw
MM Social Sky
No comments:
Post a Comment