Pages

10.10.13

" သရဖူအလှနဲ့ ပရဟိတစိတ်ထား "

၂ဝဝဝ ပြည့်နှစ်ကျော်ကာလများကဆိုရင်
 မြန်မာပြည်တွင်းမှာ ထွန်းကားစွာ ကျယ်ပြန့်ခဲ့တဲ့ ပြိုင်ပွဲများဟာ Miss အလှမယ်ပြိုင် ပွဲများဖြစ်ပါတယ်။
မြန် မာမိန်းမပျိုကေ လးများရဲ့ရုပ်အလှတရား၊ စိတ် အလှတရားတို့ကို ပိုမိုအရောင်တင်ပေးနိုင်စွမ်းတဲ့ အလှမယ်ပြိုင် ပွဲများမှာ ဝင်ရောက် ယှဉ်ပြိုင်နေကြ သူ မြန်မာ မိန်းမပျို လေးများဟာ ရုပ်ပိုင်းဆိုင်ရာ၊ ခန္ဓာကိုယ်အလှအပ များရှိနေတဲ့အပြင် စိတ်အလှတရားတို့နဲ့လည်း ပြီးပြည့်စုံနေတာကို ယှဉ်ပြိုင် ရင်း ဖြေကြားနေမှုတွေ က သက်သေပြနေပါတယ်။

ဒါ့အပြင် စံပြအဖြစ်နေထိုင်ရမယ့် အလှ မယ်များဖြစ်လာတာနဲ့အမျှ အနေအထိုင်အသွား အလာမှအစ အစစအရာရာကိုလည်း ဂရု စိုက် နေထိုင်ကြရပါတယ်။ ရည်ရွယ် ချက်အမျိုးမျိုးနဲ့ ခေါင်းစဉ်အမျိုးမျိုး အောက် ကနေဝင်ရောက်ယှဉ် ပြိုင်ကြတဲ့ Miss မိန်းမ ပျိုကလေးများဟာ ဘယ်လို ရည်ရွယ်ချက်တွေ ရှိနေလင့်ကစား သူတို့ရဲ့ အတွင်း စိတ်သဏ္ဌာန်၊ စိတ်ရင်းတို့မှာ လူမှုဝန်းကျင် အလှဆင်လိုကြတဲ့ အာသီသများတော့ရှိကြပါတယ်။ Miss Oramin-F ဆုလည်းရရှိထားပြီး မြန်မာပြည်ရှိ Miss ပြိုင်ပွဲ တော်တော်များများမွှာငအူန ဆုများလည်း ရရှိ ထားသူ ခိုင်သဇင်ငုဝါက..

” ရုပ်မလှဘူးပဲ ထားဦး၊ စိတ်လှနေတယ်ဆိုရင် လူတွေက သူ့ကို လှိုက်လှိုက်လှဲလှဲ ဆက်ဆံနေမယ်ထင်ပါတယ်။ မနှစ်က တွံတေး မှာ မိဘမဲ့ပရဟိ တဂေဟာမှာ သွားလှူဖြစ်တယ်။ အဲဒီမလှူဖြစ်ရင်တောင်မှ အိမ်အနီးအနား မှာရှိတဲ့ကလေးတွေကို လှူဖြစ်ပါတယ်။ ကိုယ့် ထက်နိမ့်တဲ့သူတစ်ယောက်ကို ကိုယ့်ဘက်က တတ်နိုင် သေ လာက်ဖေးမပေး လိုက်ရတဲ့ခံစားချက်က လက် တွေ့လုပ်မှ သိတယ်။ အများ အကျိုးအတွက် စိတ်အားထက် ထက်သန်သန်နဲ့ ကိုယ့်ဘက်က တတ်နိုင်သလောက် လုပ်ပေး သွားမှာပါ” လို့ ပရဟိတစိတ် ထားနဲ့ပတ်သက်ပြီးပြောပါတယ်။ ပရဟိတစိတ်ထားဟာ အလှမယ်များရဲ့ သရုပ်သကန်ကို ပိုမိုရုပ်လုံးပေါ်စေသလို လောကကိုလည်း အကျိုးပြုရာ ရောက်စေပါတယ်။

” ပြိုင်ပွဲဝင်ပြိုင်တုန်းက ဒိုင် လူကြီးတွေက ဒီဆုရရင် ဘာလုပ်မလဲမေးတော့ လိုအပ်တဲ့ နေရာတွေမှာအသုံးပြုပြီး လှူသင့်တဲ့ နေရာတွေကို သွားရောက် လှူဒါန်းမယ် လို့ ပြောခဲ့ တယ်။ အဲ့လိုနဲ့ ဆုရတော့လည်း ကိုယ်ပြောခဲ့သလိုပဲ သွားလှူခဲ့ပါ တယ်။ ဆုရမှရယ်လည်း မဟုတ် ပါဘူး။ ဆုမရခင်ကတည်းက ပရိဟတတွေ လုပ်ဖြစ်သလို၊ အမြဲတမ်းလှူဖြစ်ပါတယ်။ ဆုရ ပြီး သရဖူဆောင်းပြီးမှ ပရဟိတ လုပ်မယ်ဆိုတာကတော့ သိပ် မကောင်းဘူးထင်တယ်။ အဓိက ကတော့ ကိုယ့်စိတ်ထဲက အရင်း ခံပါ။ ကိုယ်ခံယူတဲ့ စိတ်နဲ့ ပရဟိတလုပ်ချင်စိတ်ရှိတာနဲ့ပဲ ဆိုင်မယ်လို့ ထင်ပါတယ်။ တကယ့်ကို စေတနာအရင်းခံ စွာနဲ့ လုပ်သွားမယ်ဆိုရင် စေ တနာဆိုတာ ရောင်ပြန်ဟပ် မှာပါပဲ” လို့လည်း Miss မိုးယံ ၂ဝ၁၁ ရရှိဖူးသူ သရုပ်ဆောင် ဆုမြတ်နိုးဦးက ပြောပါတယ်။

” အလှမယ်မှ မဟုတ်ပါ ဘူး။ လူတိုင်းလူတိုင်း လုပ်သင့် တဲ့ အရာတစ်ခုပါ။ အလုပ်လုပ် လို့ရှိရင် အဓိက စိတ်ကို ဖြူစင် အောင်ထားမယ်။ ပရဟိတ အလုပ် အနေနဲ့ ပြော ရမယ်ဆို ဘုန်းကြီး ကျောင်းမှာအမြဲလိုလို ဆွမ်းကပ် ဖြစ်တယ်။ အဝတ်အစားချို့တဲ့တဲ့မိဘမဲ့ကလေးတွေကို တစ်လ တစ်ခါအင်္ကျီလေးတွေ သွားလှူ ဖြစ်ပါ တယ်။ပရဟိတ အလုပ်နဲ့ပတ် သက်ပြီးစိတ်ကူးထားတာလေး တွေရှိတယ်။ တဖြည်းဖြည်းတော့ လုပ်သွားမယ်။ လူဆိုတာ ရုပ်လှ ဖို့၊မလှဖို့ထက် စိတ်ထားေ လး ကောင်းနေမယ်ဆိုရင်သူ့ ရဲ့မျက် နှာကအလိုလိုကြည်လင် လာ တယ်” လို့ Miss People 2012 ဆုရှင်အလှမယ် ခိုင်သဇင်ယုဝါ က ဆိုပါတယ်။

ပေါ်ပြူလာအဖွဲ့

Popular Journal

http://www.myanmaronlinenews.net/2013/10/blog-post_1954.html

No comments:

Post a Comment