ဘာစီလိုနာနှင့် ရီးရဲလ်တို့ ကစားမည့် အယ်ကလက်စီကိုပွဲစဉ်မှ ဖြစ်နိုင်ဖွယ်
လူစာရင်းများကို ဒေးလီးမေးလ်သတင်းစာ
ဖော်ပြခဲ့ပြီး ၎င်းတို့နှစ်သင်းပေါင်း
ကစားသမားတန်ကြေးမှာ ပေါင်(၄၁၇.၃)
သန်းထိရှိကြောင်း
တွက်ချပြခဲ့သည်။ သို့သော် ဒေးလီးမေးလ်မှ တွက်ချက်သောတန်ဖိုးများမှာ
ကစားသမားများ၏ လက်ရှိပြောင်းရွှေ့ကြေး တန်ဖိုးမဟုတ်ဘဲ အသင်းသို့
စတင်ရောက်ရှိလာခဲ့စဉ်က ပြောင်းရွှေ့ကြေး တန်ဖိုးများဖြစ်ပြီး အကယ်ဒမီထွက်
ကစားသမား အများအပြားရှိသည့် ဘာစီလိုနာအသင်း၏ ကစားသမား(၁၁)ဦး တန်ဖိုးမှာ
ပေါင် (၁၀၆.၇)သန်းသာ ရှိသော်လည်း ရီးရဲလ်မှာ ကစားသမား(၁၁)ဦးစလုံးကို
ခေါ်ယူခဲ့ရသည့်
အတွက် ပေါင်(၃၀၉.၉)သန်းထိ ရှိနေသည်။
ဒေးလီးမေးလ်က ဖော်ပြခဲ့သည့် ဘာစီလိုနာ ကစားသမားစာရင်းတွင် ဗဲလ်ဒက်စ်၊
ပူယိုးလ်၊ ဘက်စ်ကွက်၊ ဇာဗီ၊ အင်နီယက်စတာ၊ မက်ဆီ(အကယ်ဒမီ)နှင့်
အဲလ်ဗက်စ်(ပေါင် ၂၃သန်း)၊ ပီကေး(ပေါင် ၅သန်း)၊ အက်ဒရီယာနို(ပေါင်
၈.၁သန်း)၊ဆန်းချက်ဇ်(ပေါင် ၂၂)သန်း၊ နေမာ(ပေါင် ၄၈.၆သန်း)တို့ဖြစ်ပြီး
ရီးရဲလ်ကစားသမားစာရင်းတွင် ဒီယေဂိုလိုပက်ဇ်(ပေါင် ၃သန်း)၊ အာဘီလိုအာ(ပေါင်
၅သန်း)၊ ရာမို့စ်(ပေါင် ၂၃သန်း)၊ ဗရာနီ(ပေါင် ၈.၅သန်း)၊ မာဆယ်လို(ပေါင်
၅.၄သန်း)၊ အီလာရာမန်ဒီ(ပေါင် ၃၄သန်း)၊ ခီဒီရာ(ပေါင် ၁၂သန်း)၊
ဂါရတ်ဘေးလ်(ပေါင် ၈၆သန်း)၊ အစ္စကို (ပေါင် ၂၃သန်း)၊ ရော်နယ်ဒို(ပေါင်သန်း
၈၀)၊ ဘန်ဇီမာ(ပေါင်သန်း ၃၀)တို့ ဖြစ်ကြောင်း သိရသည်။
http://yoyarlay.com/sport/football/38426-2013-10-25-17-27-06
ဇော်ထွန်း(ရိုးရာလေး)
No comments:
Post a Comment