တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ
ဦးဆောင်သော
မြန်မာ့ တပ်မတော် အဆင့်မြင့် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည်
တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်၏
ဖိတ်ကြားချက်အရ ယနေ့ နံနက်ပိုင်းတွင် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံသို့
ချစ်ကြည်ရေး ခရီးသွားရောက်ရန် နေပြည်တော်မှ လေကြောင်းခရီးဖြင့် ထွက်ခွာရာ
ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ
ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ကာကွယ်ရေး
ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊
နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် ဇနီးနှင့် တာဝန်ရှိသူတို့
နေပြည်တော် လေဆိပ်တွင် ပို့ဆောင် နှုတ်ဆက်ကြသည်။
တပ်မတော်
ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး
ဦးဆောင်သော မြန်မာ့တပ်မတော် အဆင့်မြင့် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့တွင်
အဖွဲ့ဝင်များ အဖြစ် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ
ဗိုလ်ချုပ်ကြီး မြင့်စိုး၊ ဗိုလ်ချုပ် မြထွန်းဦး၊ ဗိုလ်ချုပ်စိုးသိန်း၊
စစ်ဦးစီး အရာရှိချုပ်(ရေ ) ဗိုလ်ချုပ် တင်အောင်စန်း၊ စစ်ဦးစီး
အရာရှိချုပ်(လေ) ဗိုလ်မှူးချုပ် လွင်ဦး၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်
တိုင်းမှူး ဗိုလ်ချုပ်အောင်စိုး၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး
ဗိုလ်ချုပ်ဆန်းဦးနှင့် တပ်မ တော် အရာရှိကြီးများ လိုက်ပါသွားကြသည်။
အဆိုပါ ချစ်ကြည်ရေး ခရီးစဉ်အတွင်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဗဟို
စစ်ကော်မရှင်၊ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်မှ တာဝန် ရှိသူများနှင့်
တွေ့ဆုံ၍ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်ကြား အကျိုးတူ
ကိစ္စရပ်များ ဆွေးနွေးခြင်း၊ တရုတ်နိုင်ငံ၏ စက်မှုကုန်ထုတ် လုပ်ငန်းများကို
လေ့လာခြင်း၊တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ချန်ဒူး၊ ကျိုဇိုက်ကုပ်၊ ပေကျင်း၊
ဟိုင်နန်၊ Sanya မြို့များ အပါအဝင် တရုတ်နိုင်ငံ၏ ထင်ရှားသော နေရာများအား
လေ့လာခြင်း၊ပညာတော်သင်များအား တွေ့ဆုံ အားပေးခြင်း ဆောင်ရွက် သွားမည်
ဖြစ်ကြောင်း သတင်းရရှိသည်။
မြ၀တီ
No comments:
Post a Comment