ဂျပန်နိုင်ငံ တိုကျိုမှာ တိုက်ခတ်ခဲ့တဲ့ တိုင်ဖုန်းမုန်တိုင်း ၀ီဖာကြောင့်
လူ ၁၃ ယောက် သေဆုံးသွားပြီး လူ
၃၀ ကျော် ပျောက်ဆုံးနေတဲ့အြပင် လူပေါင်း ၂
သောင်းလောက်ကို ဘေးလွတ်
ရာနေရာတွေဆီ ရွှေ့ပြောင်းကြဖို့ အစိုးရက ဒီနေ့ အမိန့်ထုတ်ခဲ့ပါတယ်။
လူပေါင်း သန်း ၃၀ လောက် နေထိုင်ကြတဲ့ တိုကျိုမြို့တော်ကို တိုက်ခတ်လာတဲ့
မုန်တိုင်းဟာ မနက်ပိုင်း ရုံးချိန်၊ ကျောင်းချိန်နဲ့ လူစည်ကားချိန်မှာပဲ
ဟာရီကိန်းလောက် အင်အားရှိတဲ့လေတွ တိုက်ခတ်ခဲ့ပြီး မိုးတွေလည်း သဲသဲမဲမဲ
ရွာသွန်းခဲ့တာကြောင့် ရထားပြေးဆွဲတာတွေတာင် ရပ်နားခဲ့ရပါတယ်။
မုန်တိုင်းကြောင့် တိုကျိုမြို့တောင်ဘက် ကီလိုမီတာ ၁၂၀ အကွာက
အိဇုအိုရှိမကျွန်းမှာ တောင်တွေကေန ၁ မိုင်ကျော်ကျော်လောက်အထိကို
ရှည်လျားတဲ့ မြေပိုမှုတွေ ဖြစ်ပေါ်ခဲ့ပြီး လူ ၁၃ ယောက် သေဆုံးခဲ့ပါတယ်။
ဂျပန်အစိုးရကေတာ့ တိုင်ဖွန်းမုန်တိုင်းရဲ့ နောက်ဆက်တွဲအြေခအေနေတွကို
ဖြေရှင်းဆောင်ရွက်ဖို့ အေရးပေါ်အဖွဲ့တဖွဲ့ကို ဖွဲ့စည်းထားတယ်လို့ ပြောပါတယ်။
တိုကျိုအေနာက်ပိုင်းမှာတော့ အမျိုးသမီးတဦး မြစ်ထဲမျောပါသွားပြီး
တနိုင်ငံလုံး အတိုင်းအတာအရ လူ ၃၇ ယောက် ပျောက်ဆုံးနေတယ်လို့ အစိုးရအဖွဲ့
ပြောရေးဆိုခွင့်ရှိသူ ယိုရှိဟိဒဲဆုဂက ပြောပါတယ်။ မြေပိုကျတာတွေနဲ့
လေထဲလွင့်လာတဲ့ အရာဝတ္ထုတွေနဲ့ ထိခိုက်မိလို့ အေသးစား ဒဏ်ရာရြကသူတွေလည်း
များပြားပါတယ်။
ဝီဖာအမည်ရ တိုင်ဖုန်းမုန်တိုင်းကြောင့်
တိုကျိုမြို့တော်အတွင်း တချို့လမ်းတွေမှာ ရေလျှံနြေပီး အပျက်အစီးသတင်းတွေ
ထုတ်ပြန်တာ သိပ်မရှိသေးပါဘူး။
ဂျပန်နိုင်ငံရဲ့
ပစိဖိတ်ကမ်းရိုးတန်းဆီ ရွှေ့လျားသွားတဲ့ တိုင်ဖုန်းမုန်တိုင်း ၀ီဖာဟာ
တိုကျိုမြို့တော် မြောက်ဘက်ရှိ ဖူကူရှီးမား နျူးကလီယားစက်ရုံဟောင်းအနီးကေန
ဖြတ်ကျော်တိုက်ခတ်သွားပါတယ်။
ဒါကြောင့် ရေဒီယိုသတ္တိကြွ အရည်တွေ
သိုလှောင်ထားတဲ့ တိုင်ကီ ၁ ထောင်လောက်ရဲ့ အောက်ခြေက အကာအကွယ်
လုပ်ဆောင်ထားတဲ့ ကွန်တိန်နာသေတ္တာကြီးတွေရဲ့အြပင်ဘက်က မိုးရေတွကို
စုပ်ထုပ်နေရတယ်လို့ ဖူကူရှီးမားစက်ရုံဝန်ထမ်းတွေက ပြောပါတယ်။
တိုင်ကီအလွတ်တွေထဲက ရေတွကို စုပ်ထုတ်ပြီး ရေဒီယိုသတ္တိကြွ စွမ်းရည်တွေကို
စစ်ဆေးပြီး အဆိပ်အေတာက် ကင်းရှင်းတယ်ဆိုရင် ပင်လယ်ထဲကို လွှတ်ထုတ်သွားမှာ
ဖြစ်တယ်လို့လည်း ဆိုပါတယ်။
မုန်တိုင်းဗဟိုမှာ ၁ နာရီ ၇၈
မိုင်နှုန်းနဲ့ တိုက်ခတ်နြေပီး ၁ နာရီ ၁၁၂ မိုင်နှုန်းအထိ
လြေပင်းတိုက်ခတ်နေတဲ့ ၀ီဖာတိုင်ဖုန်းဟာ ဒီနေ့ အားပျော့သွားမယ်လို့
မျှော်လင့်ထားပါတယ်။
DVB Burmese
No comments:
Post a Comment