ဝင်ဘလေကွင်းတွင် မွန်တီနီဂရိုကို ၄ ဂိုး ၁ ဂိုးဖြင့်
အနိုင်ရခဲ့သည့်ပွဲတွင် အသင်း၏ တိုက်စစ်ပိုင်း
စွမ်းဆောင်ရည်သည်
စိတ်လှုပ်ရှားဖွယ်ကောင်းကြောင်း ၀ိန်းရွန်နီက ချီးကျူးပြောကြားခဲ့သည်။
အဆိုပါပွဲတွင် ရွန်နီသည် ဒုတိယပိုင်းအစတွင် အသင်းအတွက် အဖွင့်ဂိုး
သွင်းယူပေးခဲ့ပြီး အင်္ဂလန်အသင်းမှာလည်း တောင်းဆန်းနှင့် စတားရစ်ခ်ျတို့၏
ဂိုးများဖြင့် အနိုင် သုံးမှတ် ရရှိခဲ့သည်။
“စတီဗင်နဲ့ ဖရန့်ခ်
တို့ကို နောက်မှာရံထားပြီး ကစားရတာက အရမ်းကို စိတ်လှုပ်ရှားဖွယ်
ကောင်းပါတယ်။ မန်နေဂျာဟာ ကျွန်တော်တို့ကို လွတ်လွတ်လပ်လပ် ကစားစေခဲ့ပါတယ်။
နောက်ပြီး တောင်းဆန်းကလည်း အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့တယ်လေ” ဟု
ရွန်နီက Sky Sports ထံပြောကြားခဲ့သည်။
ဆက်လက်ပြီး
“မွန်တီနီဂရိုနဲ့ ပွဲဟာ ခက်ခဲတဲ့ ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်။ ပထမပိုင်းမှာ
သူတို့ဟာ ခံစစ် အသားပေးကစားခဲ့သလို ကျွန်တော်တို့ရဲ့ တိုက်စစ်ဆင်မှုတွေကို
အကောင်းဆုံး ကာကွယ်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ရခဲ့တဲ့ ဦးဆောင်ဂိုးက
အသင်းအတွက် အရေးပါခဲ့တယ်လို့ ထင်ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့
ကျွန်တော်တို့ အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့ပြီး အနိုင်သုံးမှတ်ကို
ထိုက်ထိုက် တန်တန်နဲ့ ရရှိခဲ့ပါတယ်” ဟု ရွန်နီက ဆိုခဲ့သည်။
Soccer Myanmar
No comments:
Post a Comment