လူတိုင်းချွေးထွက်ကြသည်။ တစ်ချို့သောလူများသည် မသိမသာချွေးထွက်သည်။
သို့သော်လူတိုင်းချွေးထွက်သည်။ ချွေးထွက်ခြင်းသည် လူ၏နေထိုင်မှုတွင်
ရှိတတ်သောအချက်တစ်ခုဖြစ်ပြီး ၄င်းသည်အလွန်ကြည့်ရဆိုး၍ နေရထိုင်ရခက်သည်။
ကိုယ်ခန္ဓာအပူချိန် လိုအပ်သည်ထက်များပြားလာလျှင် ချွေးထွက်တတ်ပြီး၊
ယင်းသို့ချွေးထွက်စေခြင်းကလူကိုယ်ခန္ဓာတွင် ရှိသင့်သောအပူချိန်သို့
ရောက်ရှိအောင်တတ်နိုင်သလောက် လျော့ ချပေးခြင်းဖြင့်
လူကိုယ်ခန္ဓာကိုအေးမြစေခြင်းဖြစ်သည်။ အခြေခံကျစွာတွေးတောလျှင်
လူကိုယ်ခန္ဓာအတွင်းတွင်
ကိုယ်ပိုင်အငွေ့ပျံအအေးခံစက်တစ်လုံးရှိနေသကဲ့သို့ဖြစ်၏။
လေကချွေးကိုထိတွေ့သည့်အခါ ယင်းဖြစ်စဉ်က
လူကိုယ်ခန္ဓာကိုအေးမြစေသောကြောင့်ဖြစ်သည်။
ယခုသင်ရောက်ရှိနေသောနေရာသည်
အပူချိန်အလွန်မြင့်မားသောနေရာတစ်ခုဖြစ်ပါကသင့်ကိုယ်ခန္ဓာသည်
သင့်လိုအပ်သလောက်အေးမြခြင်းမရှိသည်ကိုတော့ သင်သိလိမ့်မည်။
ယင်းကဲ့သို့ဖြစ်စဉ်အတွက်တော့
သိပ္ပံနည်းကျဖြေရှင်းချက်တစ်ခုတော့ရှိသည်။လေထုထဲမှာလုံလောက်သောရေငွေ့စိုထိုင်းစတွေရှိနေသောအခါ
သင့်ကိုယ်ခန္ဓာပေါ်မှာချွေး (သို့) ရေသည်အဆိုပါလေထုအတွင်းအငွေ့ပျံရန်အတွက်
နေရာမရှိတော့ချေ။ ထိုကြောင့် ချွေးငွေ့များသည် သင့်ကိုယ်ခန္ဓာပေါ်မှာ
အသေနေရာယူလိုက်သလိုဖြစ်သွားပြီး သင်ကိုယ်သင်သေလောက်အောင်ပူတယ်လို့
စိတ်မကြည်မလင်နှင့် ခံစားရမည်ဖြစ်၏။
ထိုကြောင့်
တစ်ခြားပူရုံတမယ်နေ့တွေနဲ့ နှိုင်းလျှင်
ပြင်ပအပူချိန်အလွန်မြင့်သောနေရာတစ်နေရာမှာအလွန်ပူသောနေ့တစ်နေ့ကိုသင်ဖြတ်သန်းရမည်
ဆိုကြပါစို့။ထိုကဲ့သို့သောနေ့မျိုးမှာဆိုလောင်းကြေးထပ်ပြောရဲတာ ကတော့
လေအေးစက်လေးဖွင့်ပြီးအရိပ်ထဲမှာ (သို့) အိမ်ထဲမှာပဲသင်နေချင်မှာပါ။
သို့သော် ကိုယ်ခန္ဓာအပူချိန်လွန်ကဲမှုနှင့်
ပြင်ပအပူချိန်အလွန်မြင့်မားမှုတို့အတွက်
ကျွန်တော်တို့ကိုယ်ခန္ဓာအတွင်းအအေးခံစနစ်က
ပြီးပြည့်စုံအောင်ထိန်းထားမပေးနိုင်ပါဘူး။အဘယ်ကြောင့်ဆိုသော်
ကိုယ်ခန္ဓာအပူချိန်လွန်ကဲမှုနှင့် ပြင်ပအပူချိန်အလွန်မြင့်မားမှုတို့သည်
ရေဓာတ်ဆုံရှုံးခြင်းနှင့် ကိုယ်ခန္ဓာရှိသင့်သောအပူချိန်ထက်လွန်ကဲမှုဆီကို
ဦးတည်သွားတတ်ကြလို့ပဲဖြစ်လေတော့သည်။
ဘာသာပြန်။ မိုးလုံးမှိုင်း
Ref: www.hforcare.com
No comments:
Post a Comment