အာဂျင်တီးနားသမ္မတ ခရစ္စတီးနားဖာနန်ဒက်ဇ်သည် သူမ၏
ဦးခေါင်းအတွင်း
သွေးခဲမှုအတွက် ဦးနှောက်ခွဲစိတ် ကုသမှု ခံယူပြီးနောက် ငါးရက်အကြာတွင်
ဆေးရုံမှ ဆင်းသွား ခဲ့သည်ဟု အောက်တိုဘာ ၁၃ ရက်တွင် အင်တာနက် သတင်းတစ်ပုဒ်၏ ဖော်ပြချက်အရ သိရသည်။
ခရစ္စတီးနား ဖာနန်ဒက်ဇ်သည် အသက် ၆ဝ နှစ်ရှိပြီဖြစ်ပြီး ဦးခေါင်းအတွင်း
သွေးခဲမှု၏ နောက်ဆက်တွဲ ဆိုးကျိုးအနေဖြင့် သူမ၏ ဘယ်ဘက်လက် မောင်းတွင်
အားအင်ကုန်ခန်းကာ ခံစားမှု ကင်းမဲ့လာခြင်းကြောင့် အရေးပေါ် ခွဲစိတ် ကုသမှု
ခံယူခဲ့ရခြင်း ဖြစ်သည်ဟု သိရသည်။
ခွဲစိတ်ကုသမှု အောင်မြင်စွာ
ပြီးဆုံးခဲ့သော်လည်း သမ္မတ ဖာနန်ဒက်ဇ်အနေဖြင့် နိုဝင်ဘာလအတွင်း မည်သည့်
လေကြောင်းခရီးကိုမှသွားလာခြင်း မပြုလုပ်ရန် ခွဲစိတ် ဆရာဝန် များက
အကြံပြုထားသည်ဟု သိရသည်။
မြ၀တီ
No comments:
Post a Comment