နှလုံးသား ဘုရားတည်ပြီလို့ဆိုရင် မိမိတို့ စိတ်ဟာ ဘယ်လိုဖြစ်နေသလဲဆိုတော့
လမ်းဘေးမှာထားတဲ့ အမှိုက်ပုံးကြီးလို ဖြစ်နေတယ်၊ လမ်းဘေးမှာထားတဲ့
အမှိုက်ပုံးတို့ အမှိုက်ပုံတို့ဆိုတာ ထားတာက လမ်းဘေး၊ ရည်ရွယ်ချက်ကလည်း
အမှိုက်ထည့်ဖို့ တွေ့တဲ့လူတွေက အမှိုက်တွေ ထည့်သွားတာ ပုံသွားတာပေါ့။
ကောင်းတာ တစ်ခုမှ မထည့်ပါဘူး။ အဲဒါမျိုးလိုပဲ၊ မိမိတို့ စိတ်နှလုံးခန္ဓာ
အစဉ်ကလည်းပဲ နှလုံးသားထဲ တရားထည့်မပေးရင်
ရတနာသုံးပါး ထည့်မပေးရင် တရားအလုပ် ထည့်မပေးရင် တကယ် လမ်းဘေးက
အမှိုက်ပုံးကြီးလို အမှိုက်ပုံကြီးလို ဖြစ်နေတယ်။
အမှိုက်က
ဘေးကလာမထည့်ဘူး၊ ကိုယ့်ဟာကို လျှောက်ထည့်နေတာ၊ လမ်းဘေးမှာရှိတဲ့
အမှိုက်ပုံးဆိုတာက ဘေးကလူတွေ လာထည့်တာ၊ ကိုယ့်နှလုံးသား အမှိုက်က သူများတွေ
လာထည့်တာမဟုတ်ဘူး၊ ကိုယ့်ဟာကိုယ်ထည့်တာ၊ လောဘက အမှိုက်တွေလာထည့်၊ ဒေါသက
အမှိုက်တွေလည်ထည့်၊ ဣဿာ မစ္ဆရိယစတဲ့ ကိလေသာတွေက အမှိုက်တွေလာထည့်၊ ဒီတော့
တရားအလုပ် မလုပ်ရင် တရားထည့်မပေးရင် ကိလေသာအမှိုက်တွေ နှလုံးသားထဲ ပြည့်ကျပ်
ပြီးတော့နေတော့ အမှိုက်တွေ ရှုပ်နေတော့ ရုပ်ပစ္စည်းတွေ ဘယ်လောက်ပဲပေါပေါ
ဘယ်လောက်ပဲ ရှိရှိ ချမ်းလည်းမချမ်းသာ ငြိမ်းလည်းမငြိမ်းအေး
အကြောက်လည်းမပြယ် ပြဿနာ အမျိုးမျိုးတွေတက် နှလုံးသားက အမှိုက်ပုံကြီး၊
အမှိုက်ပုံးကြီးသာ ဖြစ်နေလို့ကတော့ ဘာတွေပဲရှိရှိ မငြိမ်းအေး
မချမ်းသာဘူးတဲ့။ ဒါကြောင့်မို့လို့ အဖိုးတန်လှတဲ့ မိမိဘဝ စိတ်နှလုံးကိုတော့
ဘယ်နည်းနဲ့မှ အမှိုက်ပုံးတော့ အဖြစ်မခံနိုင်ဘူးလေ။
ရတနာပုံး ရတနာနှလုံး ရတနာစိတ် ရတနာခန္ဓာပဲဖြစ်အောင် မြှင့်တင်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့
နှလုံးသားမှာ ဘုရားတည်ပေးပါ။
တိပိဋကဓရ အဂ္ဂမဟာပဏ္ဍိတ
ဘဒ္ဒန္တ သိရိန္ဒာဘိဝံသ (ယော) ဆရာတော်
credit to - ချိုသူ
မေတ္တာဖြင့် စုစည်းဝေမျှသူ
အနှိုင်းမဲ့စာတိုပေစများ
No comments:
Post a Comment