ဘင်္ဂလား ပင်လယ်အော် အနောက်တောင်ပိုင်း
တွင်း လေဖိအားနည်းရပ် ၀န်း
ဖြစ်ပေါ်နေမှုကြောင့် မိုးလွန်ကာလသို့ ရောက်နေသော်လည်း မြန်
မာနိုင်ငံဒေသ
အနှံ့အပြား၌
မိုးရွာသွန်းမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
၂၀၁၃ ခုနှစ် အောက်တိုဘာ ၂၅ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန် တိုင်းထွာချက်
များအရ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေ သာ လေဖိအား နည်း ရပ်ဝန်းသည် ဆက်လက်
တည်ရှိနေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်
အရှေ့တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေကြောင်း မိုးလေ၀သနှင့်
ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ချက်အရ သိရှိရသည်။
''အခုရွာသွန်းနေတဲ့မိုးက ဘင်္ဂလား ပင်လယ်အော် အနောက်တောင်ပိုင်းမှာ
ဖြစ်ပေါ်နေတဲ့ လေဖိအားနည်း ရပ်ဝန်းကြောင့် ဖြစ်တယ်။ အဲဒီလေဖိအားနည်း
ရပ်ဝန်းကနေပြီးတော့ တိမ်သွယ်တန်းတွေ ဖြစ်ပေါ်ပြီး တိမ်ထုတစ်ခု
ဖြစ်လာတဲ့အတွက် ချင်း၊ ရခိုင်နဲ့ ရန်ကုန်လို နေရာတွေမှာ မိုးရွာသွန်းတာ
ဖြစ်တယ်။ လေဖိအားနည်း ရပ်ဝန်းက ဆက်လက် တည်ရှိနေတဲ့ အတွက် နောက်ထပ်
မိုးရွာသွန်း နိုင်ပါတယ်'' ဟု ဒေါက်တာဦးထွန်းလွင်က ပြောကြားသည်။
ယခုနှစ်အတွင်း ဘင်္ဂလား ပင်လယ်အော်တွင် ဖြစ်ပွားသော မုန်တိုင်းများသည်
မြန်မာနိုင်ငံ အတွင်းသို့ နှစ်ကြိမ်သာ ၀င်ရောက်ခဲ့ပြီး မိုးလွန်ကာလများတွင်
အနည်းဆုံး မုန်တိုင်းနှစ်ကြိမ်ခန့် ဆက်လက်ဝင်ရောက် နိုင်သေးကြောင်းလည်း
Myanmar Climate Change Watch မှ သိရသည်။
''ဘင်္ဂလား
ပင်လယ်အော်မှာဖြစ်တဲ့ မုန်တိုင်းတွေက မြန်မာနိုင်ငံကို တစ်နှစ်
လေးလုံးလောက် ၀င်တယ်။ အခုလက်ရှိက နှစ်လုံးပဲ ရှိသေးတယ်။ နောက်ထပ် ၀င်လာမယ့်
မုန်တိုင်းတွေက မိုးလွန်ကာလမှာ ဖြစ်ပေါ်လာ နိုင်တဲ့အတွက် သတိပြုရမှာပါ'' ဟု
၎င်းက ဆက်လက် ပြောကြားခဲ့သည်။
''အောက်တိုဘာ ၂၅ ရက် ညနေ ၃ နာရီ
ကျော်ကျော်က မိုးတွေရွာတယ်။ မိုးက သည်းသည်းမဲမဲ ရွာတာမျိုးတော့ မဟုတ်ပါဘူး။
နောက်ထပ် မိုးဆက်တိုက် ရွာလာရင်တော့ သီးနှံတွေအတွက် စိုးရိမ်စရာ
ရှိလာတယ်'' ဟုလည်းပဲခူးတိုင်း ဒေသကြီး၊ ပေါင်းတည်မြို့မှ ဒေသခံတစ်ဦးက
ပြောကြားခဲ့သည်။အလားတူ မကွေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့မှ ဒေသခံ
တစ်ဦးကလည်း ''မနေ့ကတော့ ဒီမှာ မိုးတွေအရမ်းရွာတယ်။ အောက်တိုဘာ ၂၅
ရက်တော့မရွာသေးဘူး။ ဒါပေမဲ့ ဒီနေ့တစ်နေ့လုံး မိုးတွေအုံ့နေတယ်'' ဟုလည်း
ပြောကြားခဲ့သည်။
ထို့ပြင် ရန်ကုန်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် နေရာအနှံ တွင် ရေဖုံး လွှမ်းမှုများ ဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။
''အောက်တိုဘာ ၂၅ ရက် မိုးရွာတာက တော်တော်ကိုပြင်းတယ်။ ကျွန်တော်တို့
လမ်းထဲမှာဆို ရေကဒူးခေါင်း ကျော်တဲ့အထိကို နစ်တယ်။ အရင်က အဲဒီလောက်
မဆိုးပေမယ့် အခုနောက်ပိုင်းဆို မိုးရွာတိုင်း ရေနစ်မြုပ်နေတယ်'' ဟု
ဗဟန်းမြို့နယ် ၀င်္ကပါလမ်းအတွင်း နေထိုင်သူ တစ်ဦးက ပြောကြားသည်။
အောက်တိုဘာ ၂၅ ရက်က ရန်ကုန်မြို့တွင် မိုးသည်းထန်စွာရွာပြီး ဗညားဒလ
လမ်းပေါ်တွင် ရေကြီးရေလျှံ ဖြစ်ပွားနေစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
Eleven Media Group
No comments:
Post a Comment