မန္တလေးစက်မှုဇုန်ကို နွေရာသီတွင် လျှပ်စစ်မီး ၂၄ နာရီ အပြည့်အဝ ရရှိရေး
အတွက် မန္တလေးတိုင်းဒေသကြီး လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊
စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီနှင့် ပုဂ္ဂလိက လျှပ်စစ်ကုမ္ပဏီတို့
ပူးပေါင်းကာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန
ဝန်ကြီးနှင့် မန္တလေးစက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီတို့ တွေ့ဆုံဆွေးနွေးပွဲ အရ သိရသည်။
အဆိုပါစက်မှုဇုန်များ နွေရာသီတွင် လျှပ်စစ်မီး အပြည့်အဝ ရရှိစေရေး အတွက်
လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဝန်ကြီးနှင့် စက်မှုဇုန် စီမံခန့်ခွဲရေး
ကော်မတီတို့ တွေ့ဆုံဆွေးနွေးပွဲကို မန္တလေးတိုင်း ဒေသကြီး
လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းတွင် အောက်တိုဘာလ ၇ ရက်နေ့ က
ကျင်းပခဲ့သည်။
လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ စက်မှုဇုန်
စီမံခန့်ခွဲရေး ကော်မတီနှင့် ပုဂ္ဂလိက လျှပ်စစ်ကုမ္ပဏီတို့ ပူးပေါင်းကာ
ပုဂ္ဂလိက လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး ဆောင်ရွက်ရန် အစီအစဉ်လည်း ရှိကြောင်း
မန္တလေးစက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီ တာဝန်ရှိသူထံမှ သိရသည်။
"ဘယ်လိုစလုပ်မယ် ဆိုတာတော့ အသေးစိတ် မစီစဉ်ရသေးဘူး။ ရန်ကုန်က
လှိုင်သာယာစက်မှုဇုန်မှာ လျှပ်စစ်မီးရရှိဖို့ ပုဂ္ဂလိက ဓာတ်အားထုတ်လုပ်ရေး
လုပ်နေတဲ့ စီမံကိန်းကို လေ့လာဖို့ပြောတယ်။ မီတာခ ကတော့ တစ်ယူနစ် ၁၀၀
ကျပ်ကနေ ၁၅၀ ကြား ရှိမယ်ပြောတယ်" ဟု အဆိုပါစက်မှုဇုန် စီမံခန့်ခွဲရေး
ကော်မတီမှ တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။
နွေရာသီတွင်
စက်မှုဇုန်လျှပ်စစ်မီး ရရှိရေးအတွက် ပုဂ္ဂလိက လျှပ်စစ်ထုတ်လုပ်
ဖြန့်ဖြူးရေးအတွက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ နှင့်လည်း အောက်တိုဘာ
လကုန်ပိုင်းခန့်တွင် တွေ့ဆုံ ဆွေးနွေးသွားမည် ဖြစ်ကြောင်း
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဝန်ကြီးနှင့် စက်မှုဇုန် စီမံခန့်ခွဲရေး
ကော်မတီတို့ တွေ့ဆုံဆွေးနွေးပွဲထံမှ သိရသည်။
နွေရာသီတွင်
ရေအားလျှပ်စစ် ထုတ်လုပ်နိုင်မှု ကျဆင်းသဖြင့် ဓာတ်အားရှိမှု ပေါ်မူတည်ကာ
ပုဂ္ဂလိက စက်ရုံများသို့ လျှပ်စစ်မီးပေးမှု ဖြတ်တောက်မှုရှိကြောင်း၊
စက်မှုလုပ်ငန်းများ အနေဖြင့် လျှပ်စစ်မီး မရရှိသဖြင့် ကုန်ထုတ်စွမ်းအား
ကျဆင်းကြောင်းနှင့် လျှပ်စစ်မီးမရသဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု
အတွက် အဟန့်အတားတစ်ခု ဖြစ်ကြောင်း မန္တလေးစက်မှုဇုန် လုပ်ငန်းရှင်များက
တညီတညွှတ်တည်း ပြောကြားသည်။
The Voice Weekly
No comments:
Post a Comment