အမေရိကန် အနေဖြင့် အာဖရိကတိုက်ရှိ မဟာမိတ် နိုင်ငံကို နှစ်စဉ် ဒေါ်လာ
(၁.၃)ဘီလျံထိ
တန်ဖိုးရှိသော အထောက်အပံ့များ လွှဲအပ်ပေးနေသော်လည်း ယခုအခါ
ဒေါ်လာ သန်းပေါင်း ရာဂဏန်း အတော်များများ တန်ဖိုးရှိသည့် စစ်ရေး အထောက်အပံ့များကို ဆိုင်းငံ့ထားရန် ဆုံးဖြတ်လိုက်သည်။
အီဂျစ်အစိုးရအား စစ်ရေးထောက်ပံ့မှု ဆိုင်းငံ့လိုက်ကြောင်း အမေရိကန်
အတည်ပြုအမေရိကန် ပြည်ထောင်စုသည် အီဂျစ်အစိုးရကို စစ်ရေးအရ ထောက်ပံ့နေသည့်
အစီအစဉ် အများအပြားကို ရပ်ဆိုင်းထားလိုက်ပြီဖြစ်ကြောင်း အတည်ပြု
ကြေညာခဲ့သည်။ အမေရိကန် အနေဖြင့် အာဖရိကတိုက်ရှိ မဟာမိတ် နိုင်ငံကို နှစ်စဉ်
ဒေါ်လာ (၁.၃)ဘီလျံထိ တန်ဖိုးရှိသော အထောက်အပံ့များ လွှဲအပ်ပေးနေသော်လည်း
ယခုအခါ ဒေါ်လာ သန်းပေါင်း ရာဂဏန်း အတော်များများ တန်ဖိုးရှိသည့် စစ်ရေး
အထောက်အပံ့များကို ဆိုင်းငံ့ထားရန် ဆုံးဖြတ်လိုက်သည်။ အီဂျစ်တွင် မွတ်ဆလင်
ညီအစ်ကိုတော်များ အဖွဲ့က ထောက်ခံသည့် သမ္မတ မိုဟာမက် မော်စီကို စစ်တပ်က
ဖြုတ်ချခဲ့ပြီးနောက် နိုင်ငံရေး မတည်ငြိမ်မှုများ ဖြစ်ပေါ်နေသည်။
ပြည်သူအများက ဆန့်ကျင်သည့် မော်စီအစိုးရ ပြုတ်ကျသွားသော်လည်း စစ်တပ်က
ထောက်ခံသည့် လက်ရှိ ကြားဖြတ်အစိုးရက ဆန္ဒပြနေသည့် မွတ်ဆလင်
ညီအစ်ကိုတော်အဖွဲ့ လိုလားသူများအား အကြမ်းနည်းဖြင့် နှိမ်နင်းမှုများ
ပြုလုပ်ခဲ့ရာ လူပေါင်းရာနှင့်ချီ သေဆုံးခဲ့သည်။
အမေရိကန်
အစိုးရက အီဂျစ်ထံသို့ စစ်ရေးအထောက်အပံ့ အားလုံး ရပ်ဆိုင်းထားမည်ဖြစ်ပြီး
ငွေသား ပေးချေသည့် ထောက်ပံ့မှုများကိုလည်း လျှော့ချသွားမည်ဟု ကြေညာခဲ့သည်။
ကျန်းမာရေးနှင့် ပညာရေးဆိုင် ရာ ထောက်ပံ့မှုများကိုမူ ပုံမှန်အတိုင်း ဆက်လက်
ပံ့ပိုးနေမည်ဟု အမေရိကန် အစိုးရ တာဝန်ရှိသူများက ပြောကြားခဲ့သည်။
အီဂျစ်နိုင်ငံတွင် ယုံကြည်စိတ်ချရလောက်သည့် ဒီမိုကရေစီ ဖြစ်ထွန်းမလာမချင်း
ယခုထောက်ပံ့မှု အားလုံးကို ရပ်ဆိုင်းထားမည်ဟု အမေရိကန် အစိုးရ၏
နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အမျိုးသမီး ဂျန်ဆာကီက
ပြောဆိုသွားသည်။ အမေရိကန်သည် အီဂျစ်သို့ လွှဲပေးမည့် ဒေါ်လာ သန်း(၂၆၀)နှင့်
ချေးငွေ ဒေါ်လာ သန်း(၃၀၀)တို့ အတွက်လည်း ဆိုင်းငံ့ထားရန် စဉ်းစားနေကြောင်း
သိရသည်။
ဆာကီက "အီဂျစ် အစိုးရအတွက် စစ်ရေးထောက်ပံ့မှု စနစ်တွေထဲက
ကြီးမားတဲ့ အစိတ်အပိုင်း တစ်ရပ်နဲ့ ငွေကြေး အထောက်အပံ့တွေကို
ရပ်ဆိုင်းထားမှာ ဖြစ်ပါတယ်။ အီဂျစ်မှာ ယုံကြည်စိတ်ချရတဲ့ ဒီမိုကရေစီစနစ်
မပေါ်ပေါက်သေးသ၍၊ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတစ်ခု ကျင်းပပြီး
အရပ်သား အစိုးရတစ်ရပ်ကို မတင်မြှောက်နိုင်သေးသ၍ ထောက် ပံ့မှုတွေကို ဆက်ပြီး
ဆိုင်းငံ့သွားမှာပါ"ဟု သတင်းထောက်များအား ပြော ကြားခဲ့သည်။ အမေရိကန်သည်
အီဂျစ်သို့ Apache တိုက်ခိုက်ရေး ရဟတ်ယာဉ်များ၊ Harpoon ဒုံးကျည်များ
တင်ပို့မှုကို ရပ်နားထား လိုက်ပြီ ဖြစ်သည်။ ထို့အပြင် M-1 Abramတင့်ကားနှင့်
အပိုအစိတ်အပိုင်းများကိုလည်း တင်ပို့ဦးမည် မဟုတ်ဟု ဆိုသည်။
အမေရိကန်၏ ဥပဒေအရ စစ်တပ်အာဏာသိမ်းမှုဖြင့် နိုင်ငံတစ်နိုင်ငံကို
အုပ်ချုပ်နေသော အစိုးရကို ထောက်ပံ့မှုသည် တရားမဝင်ဟု ပြဋ္ဌာန်းထားသည်။
အီဂျစ်စစ်တပ်သည် အမေရိကန်၏ အထောက်အပံ့ကို အဓိက မှီခိုနေရပြီး Apache
ရဟတ်ယာဉ်များ၊ F-16 တိုက်လေယာဉ်များကို သုံးစွဲလျှက်ရှိသည်။
အီဂျစ်စစ်တပ်သည် အာဏာသိမ်းသည့် အစီအစဉ်တွင်လည်း အမေရိကန်၏ စစ်လက်နက်များကို
အသုံးပြုခဲ့သည်။ စစ်ရေးထောက်ပံ့မှု ရပ်ဆိုင်းထားသော်လည်း အီဂျစ်၏
နယ်နိမိတ်ကို ကူညီစောင့်ကြည့်ရန်၊ အကြမ်းဖက်မှု ပူးပေါင်းတိုက်ဖျက်ရန်နှင့်
ဆီနိုင်းဒေသ လုံခြုံရေးအတွက် အထောက်အပံ့ပေးရန် အမေရိကန်က
ဆက်လက်ကူညီသွားမည်ဟု သိရှိရသည်။
Planet Myanmar Network
No comments:
Post a Comment