သက် ဆိုင်ရာပြည်နယ်အစိုးရများနှင့် ညှိနှိုင်း၍
ယာယီကယ်ဆယ်ရေး စခန်းများအထိ သွားရောက်ပြီး ပြည်လုံး ကျွတ်သန်းခေါင်စာရင်း
ကောက်ခံသွားမည်ဖြစ်ကြောင်းလူဝင်မှု
ကြီးကြပ်ရေးနှင့်ပြည်သူ့
အင်အားဝန်ကြီးဌာန၊
ပြည်သူ့ အင်အားဦးစီးဌာန ညွှန်ကြားရေး
မှူးချုပ်ဦးမြင့်ကြိုင်က ပြောသည်။
ဦးမြင့်ကြိုင်က''ယာယီကယ်
ဆယ်ရေးစခန်းတွေကို ကောက် ယူရေးတာဝန်ခံ ဆရာ၊ ဆရာမ တွေကိုလွှတ်ပြီး
ကောက်ယူခိုင်း မှာပါ။ သန်းခေါင် စာရင်းကောက် ယူဖို့ကိုလဲ သက်ဆိုင်ရာပြည်နယ်
အစိုးရတွေနဲ့လဲ ညှိနှိုင်းဆောင် ရွက်တဲ့ လုပ်ငန်းတွေကို အကောင် အထည်ဖော်
လုပ်ဆောင်နေပါ ပြီ။ ဥပမာ- KIO ထိန်းချုပ်နယ် မြေထဲမှာ ရှိတဲ့ရွာတွေမှာ
နေထိုင် တဲ့သူတွေကိုလဲ KIO နဲ့ ချိတ် ဆက်ပြီး တစ်ဆင့်ကောက်ခံသွား မယ်''ဟု
ပြောသည်။
ယခုလက်ရှိတွင်လည်း အဆိုပါပြည်လုံးကျွတ်သန်းခေါင်
စာရင်းကောက်ယူရေးလုပ်ငန်း များအတွက် လုပ်ငန်းစဉ်များ ချမှတ်နိုင်ရန်
ရေးဆွဲလျက်ရှိ ကြောင်း၊ ယာယီကယ်ဆယ်ရေး စခန်းများသို့ စာရင်းကောက်ခံ
ရာတွင်လည်း ကောက်ခံသူဆရာ သို့မဟုတ် ဆရာမတစ်ဦးမှအိမ် ထောင်စု ၁ဝဝနှင့်
၁၅ဝကြား၊ လူဦးရေ ၇၅ဝကို ၁၂ရက်အတွင်း ကောက်ခံရမည်ဖြစ်ကြောင်း၊
ယင်းကောက်ခံနှုန်းအရဆိုပါက တစ်နေ့လျှင် အိမ်ထောင်စု ၁၂ အိမ်ထောင်စုနှင့်
လူဦးရေ ၅၀ မှ ၆ဝကြားကောက်ခံနိုင်မည် ဖြစ်ကြောင်း သန်းခေါင်စာရင်း
ကောက်ခံနိုင်ရန် အတွက် ရေးဆွဲ လျက်ရှိသည့် အစီအစဉ်များနှင့် ပတ်သက်၍ ယင်းက
ရှင်းလင်း ပြောကြားသည်။
ပြည်လုံးကျွတ်သန်းခေါင်
စာရင်းကောက်ယူခြင်းမှာလည်း နိုင်ငံရေး၊ လူမျိုးရေး စသည့် အရေးအရာများအတွက်
ဆောင် ရွက်ခြင်းမဟုတ်ကြောင်း၊ နိုင်ငံ တော်ဖွံ့ဖြိုးရေးဖြစ်သည့် လူမှု ရေး၊
စီးပွားရေးစီမံခန့်ခွဲရေးကိစ္စ ရပ်များအတွက် မူဝါဒများ ချမှတ် ခြင်း၊
စီမံကိန်းများ ရေးဆွဲအ ကောင် အထည်ဖော်ခြင်း၊ လုပ် ငန်းများ ဆောင်ရွက်ရာတွင်
အခြေခံရမည့် လူဦးရေဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များ ကိုရရှိရန် ကောက်
ခံခြင်းသာဖြစ် ကြောင်းနှင့် အဆိုပါပြည်လုံးကျွတ် သန်းခေါင်စာရင်းကို
၂၀၁၄ခုနှစ် မတ် ၃ဝရက်မှ ဧပြီ၁ဝရက်အတွင်း ၁၂ရက်ကြာ ကောက် ခံမည်ဖြစ် ကြောင်း
သိရသည်။
ကချင်ပြည်နယ် မြစ်ကြီးနား ဝိုင်းမော်မြို့နယ်ရှိ ကယ်ဆယ်ရေးစခန်းတစ် ခုရှေ့ ဖြတ်လျှောက်သွားသည့် အမျိုးသမီးတစ်ဦး။ Photo - AFP
ဇာခြည်လှိုင်
Yangon Media Group
No comments:
Post a Comment