မြစ်ကြီးနား- အောက်တိုဘာ ၈ ရက်မှစတင်၍ ၃ ရက်ကြာပြုလုပ်မည့်အစိုးရနှင့်
ကေအိုင်အို ပြည်ထောင်စုအဆင့် ငြိမ်းချမ်း ရေးဆွေးနွေးပွဲတွင်
နှစ်ဖက်တပ်များ နေရာချထားရေး
မြေပုံရေးဆွဲထည့်သွင်းဆွေးနွေး
သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ထို့အပြင် စစ်ဘေးရှောင် ဒုက္ခသည်များ ပြန်လည်နေရာချထားရေး၊
ပူးတွဲစောင့်ကြည့်ကော်မတီ (Joint Monitoring Committee)
ဖွဲ့စည်းရေးတို့အတွက် မူများချမှတ်ရန်လည်း ဆွေးနွေးသွားမည်ဖြစ်သည်။
“ပွင့်ပွင့်လင်းလင်းဆွေးနွေးသွားဖို့ရှိတယ်။ ဘယ်အဆင့်ထိသွားမယ်ဆိုတာတော့
မသိသေးဘူး”ဟု ကေအိုင်အိုအလုပ်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါး
ကပြောသည်။
မြစ်ကြီးနားမြို့တွင်ပြုလုပ်မည့်
ပြည်ထောင်စုအဆင့်ငြိမ်း ချမ်းရေးဆွေးနွေးပွဲသို့ အစိုးရဘက်မှ
ပြည်ထောင်စုငြိမ်းချမ်း ရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးအောင်မင်း
ဦးဆောင်တက်ရောက်မည်ဖြစ်သည်။ ကေအိုင်အိုဘက်မှ ဦးဆွမ် လွတ်ဂမ်ဦးဆောင်၍
ထိပ်ပိုင်းခေါင်းဆောင်များပါဝင်လာမည် ဖြစ်သည်။
ဆွေးနွေးပွဲနှင့်
ပတ်သက်၍ “ကျွန်တော်တို့က ခေါင်းစဉ်ပဲ ညှိပေးရတာ။ ဆွေးနွေးတာက တာဝန်ရှိသူတွေ
ဆွေးနွေးလိမ့်မယ်။ ဘယ်လောက်ရမယ်ဆိုတာ ဆွေးနွေးပွဲပေါ်မူတည်တယ်”ဟု
ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေကပြောသည်။
အစိုးရမှ
အောက်တိုဘာလကုန်တွင် ပြုလုပ်ရန် ရည်မှန်း ထားသည့် တစ်နိုင်ငံလုံးအပစ်အ
ခတ်ရပ်စဲရေးလက်မှတ်ရေးထိုးပွဲ တွင် ကေအိုင်အိုအနေဖြင့် ပါဝင်ရန် ရှိ၊
မရှိမှာ ယခုဆွေးနွေးပွဲ ရလဒ်ပေါ်မူတည်သည်ဟု ဦးဒေါင်ခါးက ဆက်လက်
ပြောကြားသည်။
အစိုးရနှင့်
ကေအိုင်အိုပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို
မေလနှောင်းပိုင်းက မြစ်ကြီးနားမြို့၌ နောက်ဆုံးပြုလုပ်ခဲ့ပြီး
အပစ်အခတ်လျှော့ချရေးအပါအ၀င် အချက်ခုနစ်ချက်ကို သဘောတူညီခဲ့သည်။
7Day News Journal
ဧရာဝတီမြစ်ဖျားဆီက
No comments:
Post a Comment