လာမည့် အောက်တိုဘာ (၁၇)ရက်မှ နိုဝင်ဘာ (၁၀)ရက်ထိ ကိုရီးယား နိုင်ငံနှင့် ဂျပန် နိုင်ငံတို့တွင်
ပူးတွဲလေ့ကျင့်မှုများ
သွားရောက် လုပ်ဆောင်မည့် မြန်မာ့ လက်ရွေးစင် ယူ-၂၃ အသင်း၏ လူစာရင်းကို
နည်းပြချုပ် ပတ်ဆောင်ဟွာက ထုတ်ပြန်လိုက်ပြီ ဖြစ်သည်။
ပတ်ဆောင်ဟွာ၏ ကစားသမား (၂၆)ဦး ပါဝင်သည့် လူစာရင်းတွင် နောက်ဆုံး
ခေါ်ယူပူးပေါင်း စေခဲ့သည့် ယူ-၁၉ အသင်းမှ ကစားသမား (၂)ဦးလုံး
ပါဝင်လာခဲ့ပြီး ဧရာဝတီ အသင်း၏ ကွင်းလယ်လူ နိုင်လင်းဦးနှင့် ဇေယျာရွှေမြေ
တိုက်စစ်မှူး စိုးပိုင်သွေးတို့မှာ ပါဝင်လာခဲ့ခြင်း မရှိပေ။
နိုင်လင်းဦးမှာ ကြံ့ခိုင်မှု မပြည့်သောကြောင့် ဖြစ်ပြီး စိုးပိုင်သွေးမှာ
နည်းစနစ်ပိုင်းနှင့် အံမ၀င်သောကြောင့် ဖြစ်ကြောင်း ဘောလုံးအဖွဲ့ချုပ်၏
ထုတ်ပြန်ချက်တွင် ပါရှိသည်။ ပတ်ဆောင်ဟွာသည် အဆိုပါ လေ့ကျင့်ရေး အစီအစဉ်သို့
ဂိုးသမား (၄)ဦးတိတိ ခေါ်ဆောင်သွားခဲ့ သည်ကို တွေ့ရသည်။
မြန်မာ
အသင်းသည် အောက်တိုဘာ (၁၇)ရက်တွင် ကိုရီးယား နိုင်ငံသို့ စတင်ထွက်ခွာမည်
ဖြစ်ပြီး တောင်ကိုရီးယား နိုင်ငံတွင် အောက်တိုဘာ (၃၁)ရက်ထိ နေထိုင်မည်
ဖြစ်သည်။ ထိုကဲ့သို့ နေထိုင်စဉ် ကာလအတွင်း ကိုရီးယား ကလပ်အသင်း
(၄)သင်းနှင့် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားသွားမည် ဖြစ်သည်။ နိုဝင်ဘာ
(၁)ရက်တွင် ဂျပန်နိုင်ငံသို့ ဆက်လက် ထွက်ခွာမည် ဖြစ်ကာ ဂျပန်နိုင်ငံတွင်
နိုဝင်ဘာ (၁၀)ရက်ထိ နေထိုင်မည် ဖြစ်ကြောင်း သိရသည်။ မြန်မာ ယူ-၂၃
အသင်းအနေဖြင့် ဂျပန်နိုင်ငံတွင် နေထိုင်စဉ် ကာလအတွင်း၌လည်း ခြေစမ်းပွဲ
(၄)ပွဲ ကစားဦးမည် ဖြစ်ကြောင်း သိရသည်။
တောင်ကိုရီးယား နှင့် ဂျပန်နိုင်ငံများသို့ သွားရောက်မည့် ယူ-၂၃ အသင်း၏ လူစာရင်း
ဂိုး - ပြည့်ဖြိုးအောင် (ဆောက်သမ်းမြန်မာ)၊ မျိုးမင်းလတ် (ဇေယျာရွှေမြေ)၊ ရန်အောင်လင်း (ဟံသာဝတီယူနိုက်တက်)၊ ကျော်ဇင်ဖြိုး (မကွေး)
နောက် - အောင်ဟိန်းကျော် (ဇေယျာရွှေမြေ)၊ ဇော်မင်းထွန်း၊ သက်နိုင်၊
ရန်အောင်ဝင်း (ရတနာပုံ)၊ သိန်းသန်းဝင်း (KBZ)၊ အောင်ဇော် (ဟံသာဝတီ
ယူနိုက်တက်)၊ ဇန်ဘိုထွန်း (မနောမြေ)၊ ဇာနည်ထက် (ရန်ကုန် ယူနိုက်တက်)၊
ဖြိုးကိုကိုသိန်း (ဧရာဝတီယူနိုက်တက်)
လယ် - ထူးထူးအောင် (မကွေး)၊
ဆက်ဖြိုးဝေ၊ ဒေးဗစ်ထန်း၊ စည်သူအောင် (ရန်ကုန် ယူနိုက်တက်)၊ ကျော်ဇေယျာဝင်း
(KBZ)၊ နေလင်းထွန်း (ဧရာဝတီ ယူနိုက်တက်)၊ ရဲလင်းအောင် (ဇေယျာရွှေမြေ)၊
ကျော်မင်းဦး (MFF Academy/U19)
ရှေ့ - ကြည်လင်း၊ ကျော်ကိုကို
(ရန်ကုန် ယူနိုက်တက်)၊ ကောင်းစည်သူ (ရတနာပုံ)၊ စိုးကျော်ကျော် (ဧရာဝတီ
ယူနိုက်တက်)၊ အောင်သူ (MFF Academy/U19)
Soccer Myanmar
No comments:
Post a Comment