အကြောင်းအရင်းက ဒီလိုပါ။ သမ္မတအိုဘားမား နဲ့ ဒီမိုကရက်တစ်ပါတီ တို့က ပြည်သူ ကျန်းမာရေး စောင့်ရှောက်မှု ( Healthcare) ဥပဒေ သစ်တစ်ခုကို အဆိုတင်သွင်းပြီး ဘတ်ဂျက် တောင်းယူမှုအပေါ် ကွန်ဂရက် က ပြန်လည် ပယ်ချခဲ့ခြင်း ဖြစ်ပါတယ်။ အထူးသဖြင့် ရီပတ်ဘလင်ဂန် ပါတီက ငြင်းဆန်နေတဲ့ ကိစ္စ တစ်ခု ဖြစ်ပြီး အစိုးရရဲ့  လုပ်ငန်းအားလုံးကို ယာယီ ရပ်နား သွားစေပါတယ်။ အင်္ဂလိပ်လို Government Shutdown လို့ခေါ်ပြီး မဖြစ် မနေ လည်ပတ်ဖို့ လိုအပ်တဲ့ အစိုး လုပ်ငန်းက လွဲလို့ ကျန်တာအားလံးကို ယာယီ ရပ်နားထားလိုက် ပါတယ်။
ဒီအတွက် ကွန်ဂရက်မှာ အကြိတ်အနယ် ဆွေးနွေးလျက် ရှိဆဲပါပဲ။ အာရှကို အလည်သွားမယ့် ခရီးစဉ်ကိုပါ အိုဘားမား ဖြတ်သိမ်းခဲ့ပြီး ဥရောပ နိုင်ငံများ နဲ့ ဆက်စပ်ညှိနှိုင်းဖို့လိုအပ်
အမေရိကန်မှာ အစိုးရကို မှီခိုပြီး လုပ်ကိုင်နေရတဲ့ စီးပွားရေး လုပ်ငန်းပေါင်း များစွာ ရှိပါတယ်။ Government Shutdown ကြောင့် ယင်းလုပ်ငန်း လည်ပတ်မှုကိုပါ နှောင့်နှေးသွားစေပြီး အချိန်ပိုကြာလာရင် ပိုဆိုးမယ့် အနေအထားမှာ ရှိပါတယ်။ ဒီအတွက် ကွန်ဂရက်မှာ အိုဘားမားနဲ့ အခြား ပါတီဝင် အထက်လွတ်တော် အမတ် များနဲ့ ညှိနှိုင်းတိုင်ပင် ဆွေးနွေး ဆဲ ရှိကြောင်း သိရပါတယ်။
.
Ref: Xinhua
Aung Kham ( ရိုးရာလေး )
No comments:
Post a Comment