လှိုင်မြို့နယ်၊ အင်းစိန်လမ်းမပေါ်ရှိ သံလမ်းမှတ်တိုင်အနီးတွင် အာရာဖတ်အမျိုးအစား
အိမ်စီးယာဉ်က ပလက်ဖောင်းပေါ်တွင် လမ်းလျှောက်နေသော လူတစ်ဦးကို ၀င်တိုက်မိ၍ သေဆုံးသွားကြောင်း လှိုင်မြို့နယ် ရဲစခန်းမှ ဒုရဲမှူးက အတည်ပြုပြောကြားသည်။
အောက်တိုဘာ ၉ ရက် ည ၁၀ နာရီဝန်းကျင်က အင်းစိန်လမ်းမပေါ် သံလမ်းမှတ်တိုင်အနီးရှိ ပလက်ဖောင်းပေါ်တွင် လမ်းလျှောက်လာသော အသက်(၅၆) နှစ်အရွယ် အမျိုးသားတစ်ဦးကို လှည်းတန်းဘက်မှ မောင်းနှင်လာသည့် အာရာဖတ်အမည်းရောင်ယာဉ်က အရှိန်လွန်ပြီး ၀င်တိုက်ကာ လမ်းလယ်ရှိ ဓာတ်တိုင်ကို ဆက်လက်ဝင်တိုက်မိကြောင်း အထက်ပါဒုရဲမှူးကဆိုသည်။
““ညတွင်းချင်းပဲ အတိုက်ခံရတဲ့သူက ဆေးရုံမှာ ဆုံးသွားတယ်””ဟု ၎င်းကပြောသည်။
ယာဉ်မှာ မောင်းနှင်လာစဉ်ကတည်းက အရှိန်များလွန်းသောကြောင့် နောက်ဘီးတာယာများ ပွင့်ထွက်ပြီး ပလက်ဖောင်းပေါ်တွင် လမ်းလျှောက်နေသောအမျိုးသားကို တိုက်မိ၍ ဒရွတ်ဆွဲပါလာကာ လမ်းလယ်ပလက်ဖောင်းပေါ်မှ ဓာတ်တိုင်ကို ဆက်တိုက်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူ အမျိုးသားတစ်ဦးကပြောပြသည်။
ယင်းကားကို သက်ဆိုင်ရာက ည ၁၁ နာရီ မိနစ် ၄၀တွင် ကရိန်းယာဉ်ဖြင့် လာရောက်ဆွဲယူရှင်း လင်းသွားခဲ့သည်။ ယာဉ်မောင်းကို လှိုင်မြို့နယ် ရဲစခန်းက လူသေမှု၊ ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှုတို့ဖြင့် ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၀၄(က)ပုဒ်မ ၂၇၉ တို့ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
7Day Daily
No comments:
Post a Comment