တောင်ကိုရီးယားနှင့် အမေရိကန်တို့သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က
ကာကွယ်ရေး မဟာဗျူဟာဆိုင်ရာ ချဉ်းကပ်မှု စာချုပ်သစ် တစ်ရပ်ကို
လက်မှတ်ရေးထိုးခဲ့
တောင်ကိုရီးယားနှင့် အမေရိကန်ကို မြောက်ကိုရီးယားခြိမ်းခြောက်
အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ စစ်ရေးပူးပေါင်းမှု စာချုပ်သစ်နှင့်
ပတ်သက်ပြီး မြောက်ကိုရီးယားက ခြိမ်းခြောက် ပြောဆိုမှုများ ပြုလုပ် လိုက်သည်။
တနင်္လာနေ့တွင် မြောက်ကိုရီးယား အစိုးရက ယခုစာချုပ်နှင့် ပတ်သက်ပြီး
တောင်ကိုရီးယားသည် နျူကလီးယားဖြင့် တိုက်ခိုက်မှု၊ အဆုံးစွန်ထိ
ဖျက်ဆီးမှုများနှင့် ကြုံရနိုင်ကြောင်း ခြိမ်းခြောက်သွားခဲ့ သည်။
တောင်ကိုရီးယားနှင့် အမေရိကန်တို့သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က ကာကွယ်ရေး
မဟာဗျူဟာဆိုင်ရာ ချဉ်းကပ်မှု စာချုပ်သစ် တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။
ယင်းသဘောတူညီချက် အသေးစိတ်ကို မဖော်ပြသော်လည်း ကိုရီးယား ကျွန်းဆွယ်တွင်
မြောက် ကိုရီးယား၏ နျူကလီးယား ခြိမ်းခြောက်မှုများမှ ကာကွယ်ရန်
ပူးပေါင်းမှုအဖြစ် မီဒီယာများက ဖော်ပြခဲ့သည်။
မြောက်ကိုရီးယား၏
ကိုရီးယား နှစ်နိုင်ငံ ငြိမ်းချမ်းစွာ ပေါင်းစည်းရေး ကော် မတီ (CPK)က
အဆိုပါ စာချုပ်သည် ပျက်စီးရာ ပျက်စီးကြောင်း ရွေးချယ်မှု တစ်ခုအတွက်
ရန်စခြင်းဟု စွပ်စွဲလိုက်သလို ကျွန်းဆွယ်ဒေသတွင် နျူက လီးယား စစ်ပွဲတစ်ခု
အစပြုလာနိုင်ကြောင်း ခြိမ်းခြောက်ခဲ့သည်။ "နောက်ဆုံး ချုပ်ဆိုလိုက်တဲ့
စစ်ရေးပူးပေါင်းမှု ဆိုတာက ကိုရီးယား ကျွန်းဆွယ်မှာ ပဋိပက္ခတွေ ပြန်ပြီး
စိုးမိုးလာအောင် ဖန်တီးလိုက်တာပါပဲ။ အဆုံးအဖြတ် အမှားအယွင်းလေး တစ်ခုဟာ
နျူကလီးယား စစ်ပွဲကြီး စတင်ဖို့ ခလုတ်ဖြုတ်လိုက်တာ ဖြစ်သွားနိုင်တယ်
ဆိုတာကို မမေ့ဖို့ လိုပါတယ်"ဟု CPKက ထုတ်ပြန်သော ကြေညာချက်တွင်
ဖော်ပြထားသည်။
ထို့အပြင် "တကယ်လို့ ရန်သူတွေဟာ ကျွန်ုပ်တို့
နိုင်ငံကို ဆန့်ကျင်ဖို့ ပူးပေါင်းကြံစည်မှုတွေ ဆက်လုပ်နေမယ် ဆိုရင်တော့
ကျွန်ုပ်တို့ အနေနဲ့လည်း အကြင်နာတရား ကင်းမဲ့တဲ့ တိုက်ခိုက်မှု တစ်ခုကို
အစပြုဖို့ စဉ်းစားရလိမ့်မယ်။ ဒါဟာ ရန်သူတွေအတွက် အဆုံးသတ် ပျက်စီးရာလည်း
ဖြစ်သွားလိမ့်မယ်"ဟုပါ အတိအလင်း ခြိမ်းခြောက်ထားသည်။ မြောက်ကိုရီးယားသည်
ယခုနှစ် အစောပိုင်းကလည်း အက်တမ်ဗုံးတစ်လုံး စမ်းသပ်ဖောက်ခွဲပြီးနောက်
အမေရိကန်နှင့် တောင်ကိုရီးယားတို့ကို ခြိမ်းခြောက်ခဲ့ဖူးပြီး ထိုစဉ်က
အမေရိကန်ကလည်း B2 Spirit ကိုယ်ပျောက် ဗုံးကြဲ လေယာဉ်ကြီးများကို ကိုရီးယား
ကျွန်းဆွယ်ပေါ် ဖြတ်ပျံပြပြီး တုံ့ပြန်ခဲ့သည်။ တောင်ကိုရီးယားနှင့်
အမေရိကန်တို့သည် အခြားမဟာမိတ် နိုင်ငံတစ်ခုဖြစ်သည့် ဂျပန်နှင့်ပါ
ပူးပေါင်းပြီး ယခုသီတင်းပတ်အတွင်း ရေတပ်စစ်ရေးလေ့ကျင့်မှု တစ်ခု ပြုလုပ်ရန်
စီစဉ်ထားကြောင်းလည်း သိရှိရသည်။
Planet Myanmar Network
No comments:
Post a Comment