အန်ဒါလက်ခ်ျကို (၅)ဂိုးပြတ် အနိုင်ရခဲ့သည့်
ပွဲတွင် အီဘရာဟီမိုဗစ် သွင်းယူခဲ့သည့် တတိယဂိုးမှာ တစ်နာရီ (၉၃)မိုင်နှုန်းရှိခဲ့ကြောင်း
ဒေးလီးမေးလ်သတင်းစာက
ရေးသားဖော်ပြခဲ့သည်။ အီဘရာဟီမိုဗစ်မှာ အန်ဒါလက်ခ်ျနှင့် ပွဲစဉ်တွင်
အထူးခြေစွမ်းပြနိုင်ခဲ့ပြီး ၎င်းအတွက် ဟက်ထရစ်ရစေမည့် အဆိုပါဂိုးအား
(၃၅)ကိုက် အကွာမှ သွင်းယူခဲ့ခြင်းဖြစ်ကာ တစ်နာရီ(၉၃)မိုင်နှုန်းအထိ
ရှိခဲ့သော်လည်း ဘောလုံးသမိုင်းတစ်လျှောက် ဒုတိယမြောက် အရှိန်အပြင်းဆုံး
သွင်းဂိုးအဖြစ်သာ ရပ်တည်ခဲ့ကြောင်း သိရသည်။
ဘောလုံးသမိုင်းတစ်လျှောက် အရှိန်အပြင်းဆုံး သွင်းဂိုးမှာ (၂၀၀၅)ခုနှစ်က
ဝီဂန်ဘက်သို့ ဘလက်ဘန်းကစားသမား စတီဗင်ရိဒ် သွင်းယူခဲ့သောဂိုးဖြစ်ပြီး
တစ်နာရီ (၉၈)မိုင်နှုန်းအထိ အရှိန်ပြင်းခဲ့ကာ(၁၉၉၇)ခုနှစ်က ခြေစမ်းပွဲတွင်
ပြင်သစ်ဘက်သို့ ကိုက်(၄၀)အကွာမှ သွင်းယူခဲ့သည့် ဘရာဇီးနောက်ခံလူ
ရောဘတ်တိုကားလို့စ်၏ ဂိုးမှာမူ တစ်နာရီ (၈၅)မိုင်ဖြင့် တတိယ အရှိန်အပြင်းဆုံး သွင်းဂိုးအဖြစ် ရပ်တည်နေသည်။
http://yoyarlay.com/38419-2013-10-24-17-23-24
ဇော်ထွန်း(ရိုးရာလေး)
No comments:
Post a Comment