အေစီမီလန် တိုက်စစ်မှူး မာရီယို ဘာလော့တယ်လီသည် ကမ္ဘာ့အကောင်းဆုံး
ကစားသမားများ အနက်မှ တစ်ဦးဖြစ်လာနိုင်ကြောင်း အီတလီ ကစားသမားဟောင်း ဂျီယန်ဖရန်ကို ဇိုလာက ပြောကြားလိုက်သည်။
အသက် ၂၃ နှစ်အရွယ် တိုက်စစ်မှူးသည် ပြီးခဲ့သည့် ဇန်နဝါရီလက
မန်ချက်စတာစီးတီးမှ စီးရီးအေသို့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး အေစီမီလန်
ကြယ်ပွင့် အနေဖြင့် ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ဦး ဖြစ်လာနိုင်ကြောင်း
ဇိုလာက ဆိုခဲ့သည်။
“ဘာလော့တယ်လီဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမား
ဖြစ်လာနိုင်မယ့် အလားအလာကောင်းတွေ ပိုင်ဆိုင်ထားသူပါ။ သူသာ
ကမ္ဘာ့အကောင်းဆုံး ကစားသမားဖြစ်ဖို့ ပြင်းပြတဲ့ ဆန္ဒရှိပြီး အကောင်းဆုံး
စွမ်းဆောင်နိုင်ခဲ့မယ်ဆိုရင် ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ယောက်
အသေအချာဖြစ်လာမှာပါ” ဟု အီတလီ ဂန္တဝင် ကစားသမားက ပြောကြားခဲ့သည်။
တစ်ဆက်တည်းမှာပင် နာပိုလီနှင့် ရိုးမားအသင်းတို့သည် ယခုနှစ်
စကူဒက်တိုဖလားအတွက် ဂျူဗင်တပ်စအသင်းနှင့် အပြိုင် စိန်ခေါ်နိုင်စွမ်းရှိသည့်
အသင်းများဖြစ်ကြောင်း ဇိုလာက သုံးသပ်ပြောကြားခဲ့သည်။
“ရိုးမားနဲ့
နာပိုလီဟာ ဂျူဗင်တပ်စ်ကို အခက်တွေ့စေမယ့် အသင်းတွေပါ။ ရိုးမားဟာ လက်ရှိမှာ
ရလဒ်ကောင်းတွေ ရရှိထားသလို နာပိုလီကလည်း စကူဒက်တိုဖလားကို
စိန်ခေါ်ရယူနိုင်မယ့် အသင်းပါ” ဟု ဇိုလာက ပြောကြားသွားခဲ့သည်။
လက်ရှိ စီးရီးအေ အမှတ်ပေးဇယားထိပ်တွင် ရိုးမားက ၇ ပွဲအနိုင်ကစားကာ နာပိုလီ၏အထက် နှစ်မှတ်အကွာဖြင့် ဦးဆောင်နေသည်။
Soccer Myanmar
No comments:
Post a Comment