ခါးသီးသော ပြိုင်ဘက် အသင်းနှစ်ခုကို ကိုယ်စားပြုနေခဲ့သည့်တိုင် ရီးယဲလ်
တွင်
ကစားပေးခဲ့စဉ်က ဂျာမန်လက်ရွေးစင် အိုဇေးလ်အပေါ် လေး စား
သဘောကျမိကြောင်း အင်နီယေစတာက ဆိုသည်အိုဇေးလ်ကို ရီးယဲလ် ရောင်းထုတ်လိုက်မှုကို အင်နီယေစတာ
နားမလည်နိုင်ဖြစ်မီဆွတ်အိုဇေးလ်ကဲ့သို့ ကစားသမားမျိုးကို ရီးယဲလ်မက်ဒရစ်
အသင်းက ရောင်းထုတ်ခဲ့သည့်အပေါ် ယနေ့တိုင် နားမလည်နိုင်အောင် ဖြစ်နေဆဲဟု
ဘာစီလိုနာ ကွင်းလယ်လူ အန်းဒရက်စ် အင်နီယေစတာက ဝန်ခံ ပြောကြားလိုက်သည်။
ခါးသီးသော ပြိုင်ဘက် အသင်းနှစ်ခုကို ကိုယ်စားပြုနေခဲ့သည့်တိုင် ရီးယဲလ်တွင်
ကစားပေးခဲ့စဉ်က ဂျာမန်လက်ရွေးစင် အိုဇေးလ်အပေါ် လေးစား သဘောကျမိကြောင်း
အင်နီယေစတာက ဆိုသည်။ အဆိုပါ စပိန်လက်ရွေးစင် ကွင်းလယ် ဖန်တီးရှင်က
ရီးယဲလ်အနေဖြင့် အာဆင်နယ်ထံ အိုဇေးလ်ကို ရောင်း ထုတ်လိုက်ကြောင်း
ကြားသိမိသည့်အခါ မယုံနိုင်အောင် ဖြစ်မိကြောင်းလည်း ဝန်ခံခဲ့သည်။
အိုဇေးလ်သည် အာဆင်နယ်၏ ကလပ်စံချိန် တင် ပြောင်းရွှေ့ကြေး ပေါင်စတာလင်
(၄၂.၅)သန်းဖြင့် နွေရာသီ ဈေးကွက် ပိတ်ရက်က ကူးပြောင်းသွားခဲ့သည်။
စပိန်လာလီဂါ ချန်ပီယံ ဘာစီလိုနာ အသင်း၏ ငယ်မွေးခြံပေါက် ကစားသမား
အင်နီယေစတာက ရီးယဲလ်အတွက် (၁၀၅)ပွဲ ကစားကာ (၁၉)ဂိုးသွင်းပြီး ဂိုးဖန်တီးမှု
(၄၇)ကြိမ် ပြုလုပ်ပေးခဲ့သည့် အိုဇေးလ်နှင့် ပတ်သက်ပြီး "ရီးယဲလ်က
အိုဇေးလ်ကို လက်လွှတ်ခံလိုက်တော့ ကျွန်တော် အရမ်းအံ့ဩသွားတယ်။ အိုဇေးလ်ဟာ
ဘောလုံးနဲ့ ပတ်သက်ရင် တခြားသူတွေထက် ပိုပြီး ထဲထဲဝင်ဝင် နားလည်သက်ဝင်တတ်သူ
တစ်ယောက်ပါ"ဟု မှတ်ချက်ပြုခဲ့သည်။ ၎င်းက "ရီးယဲလ်မှာ သူ့အကြောင်းပြချက်နဲ့
သူတော့ ရှိပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ အံ့ဩနေတုန်းပဲ"ဟုလည်း ဆက်လက်
ပြောကြားသွားသည်။ အိုဇေးလ်သည် အာဆင်နယ် အသင်းတွင် ခြေစွမ်းပြ ကစားနေပြီး
အာဆင်နယ်သည်လည်း ပုံစံကောင်း ရရှိကာ ချန်ပီယံလိဂ် အုပ်စုအဆင့်နှင့်
ပရီးမီးယားလိဂ် အမှတ်ပေး ဇယားများ၌ ထိပ်ဆုံးနေရာမှ ရပ်တည်လျှက်ရှိသည်။
Planet Myanmar Network
No comments:
Post a Comment