ပရီးမီးယားလိဂ် ပွဲစဉ် (၈) စနေနေ့ည အစောဆုံး ပွဲစဉ်ဖြစ်သည့် နယူးကာဆယ်နှင့် လီဗာပူးလ် ပွဲတွင်
တစ်ဖက် နှစ်ဂိုးစီဖြင့် သရေကျခဲ့သည်။
အိမ်ရှင် နယူးကာဆယ် အသင်းတွင် တင်မ်ကားလ်၊ ဆန်တန်၊ ဝီလျံဆန်၊ ယန်ဂါအမ်ဘီဝာ၊ ဒီဘူချီ၊ ဆစ်ဆိုခို၊ တီအိုတီ၊ ကာဘာယီ၊ ဂူဖရန်၊ ရီမီ၊ ဘန်အာဖာ တို့ပါဝင်ကစားခဲ့သည်။
လီဗာပူးလ်အသင်းတွင် မစ်ဂ်နိုလတ်၊ စကာတယ်လ်၊ တိုရေး၊ ဆာခို၊ ဂျွန်ဆင်၊
ဂျရတ်၊ ဟန်ဒါဆန်၊ ဆစ်ဆိုခို၊ မော့ဆက်၊ ဆွာရက်ဇ်၊ စတားရစ်ခ်ျတို့
ပါဝင်ကစားခဲ့သည်။
ပွဲအစတွင် လီဗာပူးလ်က အိမ်ရှင်အသင်းဘက်သို့
ဖိအားပေး တိုက်စစ်ဆင် ကစားခဲ့သော်လည်း နယူးကာဆယ် အသင်းက အမှတ်မထင်
ဦးဆောင်ဂိုး ရရှိသွားခဲ့သည်။ လီဗာပူးလ်၏ တိုက်စစ်ကို ခုခံကာကွယ်ရင်း
တန်ပြန်တိုက်စစ်မှတစ်ဆင့် နယူးကာဆယ် ကွင်းလယ်ကစားသမား ကာဘာယီက အဝေးမှ
လှလှပပ ကန်သွင်းယူခဲ့ခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် လီဗာပူးလ်က ချေပဂိုး
ရရှိရန် ယခင်ကထက် ပိုမိုတိုက်စစ်ဆင်လာခဲ့သော်လည်း နယူးကာဆယ်၏ ကျစ်လျစ်သည့်
ခံစစ်ပိုင်းကို ကျော်ခဲ့နိုင်ခဲ့ခြင်း မရှိပေ။ သို့သော်လည်း
ပထမပိုင်းပြီးခါနီး ၃ မိနစ်အလိုတွင် လီဗာပူးလ် တိုက်စစ်မှူး ဆွာရက်ဇ်ကို
ပင်နယ်တီဧရိယာအတွင်း ဆွဲလှဲခဲ့သည့် ယန်ဂါအမ်ဘီယာ အနီကတ်ဖြင့်
အထုတ်ခံခဲ့ရပြီး အဆိုပါ ပင်နယ်တီ ပြစ်ဒဏ်ဘောကို ဂျရတ်ကာ ချေပဂိုးအဖြစ်
သွင်းယူခဲ့သည်။ အဆိုပါဂိုးသည် ဂျရတ်၏ ပရီးမီးယားလိဂ် သွင်းဂိုး ၁၀၀
ပြည့်ခဲ့သည့် ဂိုးလည်း ဖြစ်သည်။
ဒုတိယပိုင်းတွင် ကစားသမား
တစ်ယောက် အသာစီး ရထားသည့် လီဗာပူးလ်က အိမ်ရှင်အသင်းဘက်ကို
ပိုမိုတိုက်စစ်ဆင် ကစားခဲ့သည်။ သို့သော်လည်း ၅၇ မိနစ်တွင် နယူးကာဆယ်က ဒုတိယ
ဦးဆောင်ဂိုး ရရှိသွားခဲ့သည်။ ကာဘာယီ ကန်တင်ပေးလိုက်သည့် ပြစ်ဒဏ်ဘောကို
လူစားဝင် ကစားသမား ဒမ်မတ်က သွင်းယူခဲ့ခြင်းဖြစ်သည်။ လီဗာပူးလ်အသင်း အတွက်
ဒုတိယချေပဂိုးကို မော့ဆက်၊ ဆွာရက်ဇ်နှင့် စတားရစ်ခ်ျ တို့၏
တွဲဖက်တိုက်စစ်ဆင်မှုမှ တစ်ဆင့် စတားရစ်ခ်ျက ခေါင်းတိုက်သွင်းယူခဲ့သည်။
နောက်ပိုင်းတွင် လီဗာပူးလ်က အနိုင်ဂိုးသွင်းယူရန် ကြိုးပမ်းခဲ့သော်လည်း
နယူးကာဆယ် ခံစစ်ပိုင်းကို ကျော်ဖြတ်နိုင်ခဲ့ခြင်း မရှိသောကြောင့်
ပွဲအပြီးတွင် နှစ်ဂိုးစီ သရေ ရလဒ်ဖြင့်သာ ပြီးဆုံးခဲ့သည်။
Soccer Myanmar
No comments:
Post a Comment