ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ် မြို့နယ် ၊ မိုင်းဖုန်း (ခ)ကျေးရွာ
အုပ်စု ပါကောင် ကျေးရွာတွင် နေထိုင်သူ ဦးအိုက်ကျိုထား ၏ နေအိမ်အား
အောက်တိုဘာ ၂၄ ရက်
မွန်းလွဲပိုင်းတွင်
လုံခြုံရေး တပ်ဖွဲ့ဝင် များက သတင်းအရ ၀င်ရောက် ရှာဖွေရာ နေအိမ် အခန်းအတွင်း
လက်ရှည် အင်္ကျီ ဘယ်ဘက် အိတ်ကပ် အတွင်းမှ ၉-မမ ကျည် ၃ တောင့် သိမ်းဆည်း
ရမိသည်။ ထို့နောက် လုံခြုံရေး တပ်ဖွဲ့ဝင် များသည် တာချီလိတ် မြို့ပေါ်
ပါခုတ်ခို ကျေးရွာတွင် နေထိုင်သည့် ဦးအိုက်ဒစ် (ခ) အိုက်လစ် ၏ နေအိမ်အား
ဆက်လက် ရှာဖွေရာ နေအိမ် အခန်းအတွင်း အိပ်ရာခေါင်းအုန်း ဘေးတွင် ပစ္စတို
တစ်လက် ၊ ကျည်အိမ် တစ်ခု နှင့် ၄င်းကျည် ၆ တောင့် ၊ သေနတ်အိတ် အနက်ရောင်
တစ်ခုတို့အား သိမ်းဆည်း ရမိခဲ့ပြီး လက်နက် ခဲယမ်း များနှင့်အတူ ဖမ်းဆီး
ရမိသော တရားခံ နှစ်ဦးအား ဥပဒေအရ ဆက်လက် အရေးယူ ဆောင်ရွက် သွားမည်
ဖြစ်ကြောင်း သိရှိရသည်။
The Myawady Daily
No comments:
Post a Comment