ဗီယက်နမ်နိုင်ငံ ကွီဆန် အုပ်ချုပ်မှုပိုင် ကွီထရမ် ခရိုင်ငယ်မှ မှ အသက် ၆၄
နှစ်အရွယ်
ဟိုင်နော့ဆိုသူ သည် ၁၉၇၃ခုနှစ်က မကျန်းမမာဖြစ်ခဲ့ရာမှ ယခုအချိန်
နှစ်ပေါင်း ၄၀ လုံးလုံး ညဘက်တွင် အိပ်မပျော်တော့ကြောင်း သိရသည်။
ထို့သို့ နှစ်ချီကြာ အိပ်မရသောရောဂါသည် သူ၏ ကျန်းမာရေးကို ထိခိုက်၊
မထိခိုက်ဆိုသည်ကို သူအတိကျ မသိကြောင်း၊ လက်ရှိအချိန်အထိ
စိုက်ပျိုးမွေးမြူရေး အလုပ်များကို အခြားသူများနည်းတူ
လုပ်ကိုင်နိုင်သေးကြောင်း ဖွင့်ဟခဲ့သည်။
ကွီထရမ် ခရိုင်ငယ်မှ သူ၏
ကျန်းမာရေးကို စောင့်ရှောက်ပေးရသော တာဝန်ရှိသူတစ်ဦးက ၅၀ ကီလိုဂရမ်လေးသော
ဓာတ်မြေသြဇာအိတ်နှစ်အိတ်ကို လေးကီလိုမီတာ ကွာဝေးသည့် ခရီး နေ့စဉ်
ထမ်းပိုးသယ်ဆောင်နိုင်သေးကြောင်း ဆိုသည်။
သူ၏ ဇနီးသည်က
ခင်ပွန်းသည်မှာ တစ်ချိန်က အအိပ်မက်သူတစ်ဦးဖြစ်သော်လည်း နေမကောင်းဖြစ်ပြီး
နောက်ပိုင်းတွင် အရက်သောက်သည့်တိုင် အိပ်မရတော့ကြောင်း၊ ဒါနော့မြို့သို့
သွားရောက်ကာ ဆေးစစ်သည့်အခါ အသည်းလုပ်ဆောင်ချက် အနည်းအကျဉ်းအားနည်းသည်မှ အပ
ကျန်ရောဂါမတွေ့ရကြောင်း ဆိုသည်။
လက်ရှိအချိန်တွင် ဟိုင်နော့သည်
နေ့စဉ် ၅ဟက်တာကျယ်သော စိုက်ပျိုးရေးခြံလုပ်ငန်း၊ ကြက်နှင့် ၀က် မွေးမြူသည့်
အလုပ်များကို နေ့စဉ်လုပ်ကိုင်လျှက်ရှိသလို ညဘက်တွင်လည်း သူ၏ခြုံအတွက်
သူခိုးရန်မှ ကာကွယ်ရန် ညစောင့်တာဝန်လည်း ယူထားလျှက်ရှိသည်။
Ref; WLC
မြန်မာ့ခေတ်
No comments:
Post a Comment