ဥရုဂွေး လက်ရွေးစင် အသင်းအတွက် ကမ္ဘာ့ဖလား ခြေစစ်ပွဲအဖြစ်
အာဂျင်တီးနားနှင့်
ရင်ဆိုင်ရာတွင် ဆွာရက်ဇ် အနေဖြင့် မရိုးမသား
ဟန်ဆောင်ခဲ့ကြောင်း ဝေဖန်မှုများ ထွက်ပေါ်လာသည်။
ကျင့်ဝတ်ပိုင်း စွပ်စွဲမှုသစ် တစ်ခုနှင့် ရင်ဆိုင်လာရပြန်သည့် ဆွာရက်ဇ်
အငြင်းပွားစရာ ပြဿနာ အမျိုးမျိုးနှင့် မကြာခဏ ကြုံရသူ လီဗာပူးလ်
တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်တစ်ယောက် ဟန်ဆောင်လှဲချကာ ပင်နယ်တီ
ရယူခဲ့ကြောင်း စွပ်စွဲမှုအသစ် တစ်ခုနှင့် ကြုံလာရပြီ ဖြစ်သည်။ ဥရုဂွေး
လက်ရွေးစင် အသင်းအတွက် ကမ္ဘာ့ဖလား ခြေစစ်ပွဲအဖြစ် အာဂျင်တီး နားနှင့်
ရင်ဆိုင်ရာတွင် ဆွာရက်ဇ် အနေဖြင့် မရိုးမသား ဟန်ဆောင် ခဲ့ကြောင်း
ဝေဖန်မှုများ ထွက်ပေါ်လာသည်။ ဥရုဂွေးက (၃-၂)ဖြင့် အနိုင်ရသော ပွဲစဉ်၏
(၃၄)မိနစ်တွင် အာဂျင်တီးနား ပင်နယ်တီ ဧရိယာထဲ၌ ဆွာရက်ဇ် လဲကျသွားပြီး
ဒိုင်လူကြီး မာဆယ်လို ဒီလီမာ ဟင်းနရစ်က ပင်နယ်တီအဖြစ် သတ်မှတ်ပေးခဲ့သည်။
ထိုအချိန်တွင် အာဂျင်တီး နား နောက်ခံလူ ဆီဘက်စတီယန် ဒိုမင်ဂွတ်ဇ်က မိမိတွင်
အပြစ်မရှိ ဟု စောဒက တက်ခဲ့သလို ရုပ်မြင်သံကြား အနှေးပြကွက်များအရ
မဆိုစလောက် ထိခိုက်မှုသာ ရှိခဲ့ကြောင်း မီဒီယာများက ဝေဖန် ရေးသား ခဲ့သည်။
ဆွာရက်ဇ်သည် ပီရူးနှင့် ကစားသည့် ကမ္ဘာ့ဖလား ခြေစစ်ပွဲတွင်လည်း အလားတူ
ဟန်ဆောင်လှဲချမှု ပြုလုပ်ခဲ့ကြောင်း စွပ်စွဲခံရဖူးသည်။ ၎င်းသည် ပြီးခဲ့သည့်
ဘောလုံးရာသီ နှောင်းပိုင်းက ချယ်လ်ဆီး ခံစစ်မှူး ဘရာနီဆလက်ဗ်
အိုင်ဗန်နိုဗစ်ကို ပွဲကစားနေစဉ် ကိုက်ခဲ့သည့်အတွက် (၁၀)ပွဲပယ် ပြစ်ဒဏ်လည်း
ကျခံခဲ့ရဖူးသည်။ ဥရုဂွေးသည် အိမ်ခံမြို့ မွန်တီဗီဒီယိုတွင် နောက်ဆုံး
ကစားရသည့် ကမ္ဘာ့ဖလား ခြေစစ်ပွဲ၌ အာဂျင်တီးနားကို အနိုင်ရခဲ့သော်လည်း
ကမ္ဘာ့ဖလား ခြေစစ်ပွဲအတွက် အဆုံးအဖြတ်ပွဲစဉ် ကစားရဦးမည် ဖြစ်သည်။
ဥရုဂွေးသည် တောင်အမေရိကဇုန် အမှတ်ပေးဇယားတွင် အဆင့်(၅)သာ
ချိတ်ခဲ့သည့်နောက် အာရှတိုက်မှ ဂျော်ဒန် အသင်းနှင့် ရှုံးထွက်ပွဲစဉ်
ပြန်ကစားရမည်ဖြစ်ပြီး အနိုင်ရသော အသင်းသည် ဘရာဇီးလ်တွင် ကျင်းပမည့်
ပြိုင်ပွဲကြီးသို့ ရောက်ရှိနိုင်မည် ဖြစ်သည်။
Planet Myanmar Network
No comments:
Post a Comment