နိုင်ငံ၏ ဆယ်စုနှစ် (၂)ခုကျော်အတွင်း အဆိုးရွားဆုံး ငလျင်ကြီးကြောင့်
အသေအပျောက်
ပမာဏ (၁၇၂)ဦးထိ ရှိလာပြီဖြစ်ကြောင်း အာဏာပိုင်များက သောကြာနေ့
နံနက်ပိုင်းတွင် ကြေညာခဲ့သည်
ဖိလစ်ပိုင် ငလျင်ကြောင့် သေဆုံးသူ အရေအတွက် ၁၇၀ ကျော်လွန်လာ
ဖိလစ်ပိုင် နိုင်ငံတွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြီးကြောင့် အသေအပျောက်
ပမာဏသည် (၁၇၀) ကျော်လွန်သွားပြီ ဖြစ်သည်။ နိုင်ငံ၏ ဆယ်စုနှစ်
(၂)ခုကျော်အတွင်း အဆိုးရွားဆုံး ငလျင်ကြီးကြောင့် အသေအပျောက် ပမာဏ
(၁၇၂)ဦးထိ ရှိလာပြီဖြစ်ကြောင်း အာဏာပိုင်များက သောကြာနေ့ နံနက်ပိုင်းတွင်
ကြေညာခဲ့သည်။ အင်္ဂါနေ့က ပြင်းအား ရစ်ခ်ျတာစကေး (၇.၂) အဆင့်ဖြင့်
လှုပ်ခတ်သွားသည့် ငလျင်ကြီးအပြီး အပျက်အစီးများကို ရှင်းလင်းနေရသလို
အပျက်အစီးများအောက် ပိတ်မိနေသူ အနည်းဆုံး (၂၀)မျှ ရှိနေဦးမည်ဟု
ကယ်ဆယ်ရေးများက ယုံကြည်ထားသည်။ သေဆုံးသူ အများစုသည် ဘိုဟိုလ်တွင်ဖြစ်ပြီး
ယင်းဒေသသည် ငလျင်ဒဏ်ကို အဆိုးရွားဆုံး ခံစားခဲ့ရသည်။ မနီလာတောင်ဘက်
ကီလိုမီတာ (၆၄၀) အကွာတွင် တည်ရှိသည့် ဘိုဟိုလ်တွင် အသေအပျောက်စာရင်း
(၁၅၉)ဦးထိ ရရှိထားပြီး ဖြစ်သည်။
ဘိုဟိုလ်အနီး ဆီဘူနှင့်
ဆီကွီဂျာတို့တွင် လူ(၁၂)ဦး သေဆုံးပြီး ငလျင်ကြောင့် ဒဏ်ရာရရှိသူ
စုစုပေါင်းမှာ (၃၇၅)ဦးထက်မနည်း ရှိခဲ့ကြောင်း ကယ်ဆယ်ရေးဌာနက
ပြောကြားခဲ့သည်။ အရေးပေါ် အခြေအနေ စီမံခန့်ခွဲရေး တာဝန်ရှိသူများသည်
ငလျင်ဘေးသင့် ဒေသများသို့ စားနပ်ရိက္ခာ၊ သောက်ရေ၊ ဆေးဝါး၊ ရွက်ဖျင်တဲနှင့်
အခြားသော ကယ်ဆယ်ရေး ပစ္စည်းများ အလျင်အမြန် ပို့ဆောင်ပေးနေသည်။ ငလျင်အပြီး
ရက်ပိုင်းအတွင်း နောက်ဆက်တွဲ မြေပြင်တုန်ခါမှုများ ဖြစ်ပေါ်နေရာ အချို့သည်
အိမ်အပြင်ဘက်ထွက်၍ နေထိုင်နေကြောင်း သိရှိရသည်။ ငလျင်၏ သက်ရောက်မှုကို
လူပေါင်း (၃.၄)သန်းမျှ ထိခိုက် ခံစားခဲ့ရသည်။ ငလျင်ကြီးအတွင်း
အဆောက်အအုံနှင့် အိမ်ခြေ (၃၄၀၀၀)မျှ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။
ဖိလစ်ပိုင် အစိုးရက ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှု ပမာဏသည် ဒေါ်လာ
(၁၃)သန်းဖိုးမျှ ရှိနိုင်ကြောင်းလည်း ခန့်မှန်းထားသည်။
Planet Myanmar Network
No comments:
Post a Comment