Pages

24.10.13

ထုတ်လုပ်ရေးစင်ပြုပြင်မှုကြောင့် ဓာတ်ငွေ့ပို့လွှတ်မှုလျော့နည်းမည်

ရတနာသဘာဝဓာတ်ငွေ့စီမံကိန်း၏ ကမ်းလွန်သဘာဝဓာတ်ငွေ့ထုတ် လုပ်ရေး
စင် ပြုပြင်မှုကြောင့် ပြည်တွင်းသို့ သဘာဝ ဓာတ်ငွေ့ပို့လွှတ်မှု လျော့နည်းမည်ဖြစ် ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှသိရသည်။
အဆိုပါလုပ်ငန်းကို ယခုလ ၂၆ရက် နှင့် ၂၇ ရက်တို့တွင် ဆောင်ရွက်သွားမည် ဖြစ်ပြီး မူလက ပြည်တွင်းသို့ သဘာဝ ဓာတ်ငွေ့ကုဗပေ သန်း ၁၅ဝ ပို့လွှတ်ဖြန့်ဖြူး ပေးနေရာမှ ယင်းလုပ်ငန်းများ ဆောင်ရွက် နေစဉ်ကာလအတွင်း ကုဗပေသန်း ၂ဝလျော့ နည်းပြီး သန်း ၁၃ဝသာ ဖြန့်ဖြူးပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

ယင်းသို့ သဘာဝဓာတ်ငွေ့ကုဗပေ သန်း ၂ဝခန့်လျော့နည်းဖြန့်ဖြူး မည်ဖြစ် သော်လည်း အချို့စက်ရုံများမှာ စက်ပြုပြင် ခြင်းလုပ်ငန်းများဆောင်ရွက်နေ၍ သဘာဝ ဓာတ်ငွေ့ရယူသုံးစွဲနိုင်ခြင်းမရှိသည့်အတွက် ရန်ကုန်တိုင်းဒေသကြီး
အပါအဝင် သဘာဝ ဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံ များနှင့် သဘာဝဓာတ်ငွေ့ရယူအသုံးပြုသည့် အခြားစက်ရုံများသို့ သဘာဝဓာတ်ငွေ့ ပုံမှန် ဖြန့်ဖြူးပေးထားမည်ဖြစ်ကြောင်းသိရသည်။

The Union Daily

No comments:

Post a Comment