Pages

19.10.13

မရမ်းကုန်းမြို့နယ်တွင် ဆောက် လုပ်ပြီးအောင်သပြေအဆောက် အအုံမှာ
လမ်းနယ်မြေကျူးကျော် သည်ဟုဆိုကာ ရပ်ကွက်နေပြည် သူများမှ တိုင်ကြားခြင်းကြောင့် ပြန်လည်စစ်ဆေးမှုမျာြး
ပုလုပ် လျက်ရှိ ကြောင်း သတင်းရရှိသည်။ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်း ၁ရက်ကွက်အတွင်း ဧရိယာ ၂ဒသမ ၂၉၂ဧကအကျယ် အဝန်းရှိ ယခင်သားရေစက်ရုံဝင်း အတွင်း ဆောက်လုပ်ထားသည့် အောင်သပြေအဆောက်အအုံ မှာ လမ်းမြေ အပေါ်ကျူး ကျော်နေ သည်ဟုဆိုကာ ရပ်ကွက်နေသူများ မှတိုင်ကြားခြင်းကြောင့် မြေတိုင်း ဦးစီးဌာနမှ မြေယာတိုင်းတာမှုများ ပြန်လည်ပြုလုပ်ခဲ့ကြောင်း အဆို ပါရပ်ကွက်မှ ရာအိမ်မှူး ဦးဉာဏ် လှိုင်ကပြောသည်။

မရမ်းကုန်း ၁ရက်ကွက် ရာအိမ်မှူး ဦးဉာဏ်လှိုင်က''ရပ် ကွက်ထဲက ပြည်သူတွေရဲ့ဆန္ဒနဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုတင် ပြထားတာ ဒီနေ့မှာစည်ပင်ရယ်၊ ရဲစခန်းကလူတွေရယ်၊ မြေတိုင်း ရယ်ဆင်းလာပြီး မြေလာတိုင်း သွားတယ်၊ စည်ပင် ဒုဌာ နမှူးက တော့ နောက်တစ်ပတ်လောက် နေမှ အကျယ်အဝန်းကိုသိရမယ် လို့ပြောတယ်''ဟု ဆိုသည်။

အဆိုပါအဆောက်အဦး မှာ လွန်ခဲ့သောနှစ်နှစ်မှစတင်ကာ အစိုးရထံမှ အောင်သပြေလုပ်ငန်း ရှင်ဒေါ်စန်းစန်းရီမှ တင်ဒါဖြင့်ရ ယူထားပြီး ၂၀၁၂ခုနှစ်မှစတင် ကာ အောင်သပြေအဆောက်အ အုံအားဆောက်လုပ်ရာ ဒေသခံ များမှ လမ်းနယ်ပေါ်ကျူးနေသည် ဟုဆိုကာ သက်ဆိုင်ရာစည်ပင် ဌာနများသို့ အသိပေးအကြောင်း ကြားခဲ့သော်လည်း ထိရောက် သောတိုင်းတာမှုများမရှိခဲ့ခြင်း ကြောင့် လွှတ်တော်ကိုယ်စားလှယ် မှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တိုင်ကြားမှသာလာ ရောက်စစ်ဆေးတိုင်းတာခြင်း ဖြစ်သည်ဟု ယင်းကထပ်မံပြော ဆိုသည်။

အမှတ်(၁)စက်မှုဝန်ကြီးဌာန မြန်မာ့အထွေထွေနှင့်ပြုပြင်ထိန်း သိမ်းရေး စက်မှုလုပ်ငန်းလက် အောက်ရှိ သားရေစက်ရုံခွဲ မရမ်း ကုန်းအား ၂၀၁ဝပြည့်နှစ် ဧပြီ ၂၉ ရက်စွဲဖြင့် ပုဂ္ဂလိကသို့လွှဲပြောင်း ပေးရန် ကော်မရှင်မှတစ်ဆင့် လုပ်ငန်းရှင် ဒေါ်စန်းစန်းရီထံသို့ လွှဲပြောင်းပေးခဲ့ပြီး ယင်းတွင် ကုန် ကြမ်းကုန်ချော၊ ရုံးသုံးပရိဘောဂ နှင့်ဝန်ထမ်းများ လွှဲပြောင်းပေးမှု တွင် မပါဝင်ခဲ့ကြောင်းသိရသည်။

အောင်သပြေလုပ်ငန်းအား ဆက်သွယ်မေးမြန်းရာ ပိုင်ရှင်ဟု ပြောသူက''ဒီနေ့ပဲ စည်ပင်ရယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး မှူး၊ ရဲစခန်းကလူတွေ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေနဲ့ ကျွန်တော် တို့ပိုင်ရှင်ရယ်အရှေ့မှာ မြေတွေ တိုင်းပြီး နဂိုမူလအကျယ်ထက် နည်းတယ်ဆိုပြီး လာတိုင်းတဲ့သူ တွေက အတည်ပြုသွားတယ်၊ ဒါကို ဒီကရပ်ကွက်အုပ်ချုပ်ရေး မှူးတို့ကိုယ်တိုင် လက်မှတ်ထိုး သွားတယ်၊ ကျွန်တော်တို့ကျူး ကျော်ပြီး ဆောက်ထားတာမရှိ ပါဘူး နဂိုမြေအတိုင်းထက်တောင် နည်းသေးတယ်''ဟု ဆိုသည်။

ယင်းက ဆက်လက်ပြောဆို ရာတွင် အောင်သပြေလုပ်ငန်း၏ မန်နေဂျာအနေဖြင့် ယင်းအ ကြောင်းအား အမှန်တကယ်သိရှိ ပါကြောင်း၊ ၂၀၁ဝပြည့်နှစ်မှစတင် ကာဒေသခံများ၏တိုင်ကြားမှု ကြောင့် တိုင်းတာရေးအဖွဲ့များမှ အဆိုပါမြေနေရာအား ခုနစ်ကြိမ် အထိ လာရောက်စစ်ဆေးခဲ့ရာ မှန်ကန်မှုရှိကြောင်း စစ်ဆေး တွေ့ရှိခဲ့သည်ဟုဆိုသည်။

ရပ်ကွက်နေပြည်သူများ၏ ပြောဆိုချက်အရ ယခင်အချိန်က လာရောက်တိုင်းတာခြင်းမရှိဘဲ ယခုအကြိမ်မှာသာ လာရောက် တိုင်းတာခြင်းဖြစ်ပြီး ပိုင်ရှင်ဘက် မှပြောဆိုသလို မြေတိုင်းတာရေး အဖွဲ့ဌာနမှူးကိုယ်တိုင်မှ တိုင်းတာ ၍ရရှိသည့် အကျယ် အဝန်းအား ချက်ချင်းပြောဆိုခြင်းလုံးဝမရှိဘဲ တစ်ပတ်အကြာမှသာ အတိအ ကျပြောနိုင်မည်ဟု ပြောဆိုသွား သည်မှာ ဒေသခံများ သက်သေ ရှိသည်ဟု ဆိုသည်။ အဆိုပါသားရေစက်ရုံမှဒေါ်စန်းစန်းရီသည် ၂၀၀၉ခုနှစ် ငါး လပိုင်း မှ စတင်ကာ ၂၉၉ဝဒသမ ၄ဝဝကျပ်သန်းအား သုံးရစ်ခွဲ၍ တင်ဒါအမြင့်ဆုံးဈေးဖြင့် ရယူခဲ့ ကြောင်း သိရသည်။

နိုင်နိုင်ဇော်
Yangon Media Group

No comments:

Post a Comment