ဝါလကင်းလွတ် သီတင်းကျွတ်လပြည့်နေ့တွင် မြန်မာတို့၏
ရိုးရာအစဉ်အလာမပျက်
ထိန်းသိမ်းလာခဲ့သည့် ထားဝယ်ဒေသ၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော
ထားဝယ်ရိုးရာသပိတ်မျှောဖွင့်ပွဲကို အောက်တိုဘာ ၁၉ ရက် အရုဏ်တက်ချိန်
နံနက် ၂ နာရီက တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ဒေါင်းငူတံငါရပ်
ထားဝယ်မြစ်ကမ်း၌ ကျင်းပရာ တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်
ဦးမြတ်ကို၊ တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီး အစိုးရ
အဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ထားဝယ်ရိုးရာသပိတ်မျှောပွဲကို
ကိုယ်တိုင်ပါဝင်ကုသိုလ်ပြုကြသည်။ အဆိုပါ သပိတ်မျှောပွဲသည်
နှစ်စဉ်နှစ်တိုင်း သီတင်းကျွတ်လပြည့်နေ့တွင် ကျင်းပလေ့ရှိပြီး
သပိတ်မျှောအိုးကြီး၊ သပိတ်မျှောအိုး ငယ်များဖြင့် ဒေသခံပြည်သူများ
ညလုံးပေါက်လာရောက်၍ သပိတ်မျှောကုသိုလ်ယူကြပြီး နံနက် ၁ နာရီမှစ၍ နံနက် ၅
နာရီအထိ ပြည်သူများ စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိကြောင်း သိရသည်။
(ကျော်ကျော်လတ်)
သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း
No comments:
Post a Comment