အစိုးရနှင့် နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်ပါက ချင်းတိုင်းရင်းသား
အားလုံး၏ လိုအပ်ချက်များ
တင်ပြနိုင်ရေးအတွက် ရန်ကုန်မြို့မှ
ချင်းလူထုနှင့် ချင်းတိုင်းရင်းသားများ၏ တစ်ခုတည်းသော လက်နက်ကိုင်
အဖွဲ့ဖြစ်သည့် ချင်းအမျိုးသားတပ်ဦး (CNF) တို့ တွေ့ဆုံဆွေးနွေးမှုကို
အောက်တိုဘာ ၁၉ ရက်က ရန်ကုန်မြို့ရှိ Summit Park View ဟိုတယ်၌
ပြုလုပ်ခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲ၌ ရန်ကုန်သို့ ရောက်ရှိနေသည့်
ချင်းတိုင်းရင်းသား ၁၅၀ ၀န်းကျင် တက်ရောက်ခဲ့ကြပြီး ချင်းအမျိုးသားတပ်ဦး၏
တွဲဖက်အတွင်းရေးမှူးချုပ် ဒေါက်တာရွှေခါး၊ ချင်းအမျိုးသား တပ်ဦး၏
အဓိပတိကောင်စီဝင် ဒေါက်တာဆလိုင်းလျန်မုန်းတို့ အပြန်အလှန် ဆွေးနွေးမှု
ပြုလုပ်ခဲ့သည်။
ချင်းအမျိုးသား တပ်ဦးမှလည်း အနာဂတ် ဖက်ဒရယ်
ပြည်ထောင်စု မြန်မာနိုင်ငံ ဖွဲ့စည်းမည့်စနစ်၊ နိုင်ငံတော် တည်ဆောက်ပုံ၊
အနာဂတ် ဖက်ဒရယ် ပြည်ထောင်စု မြန်မာနိုင်ငံတွင် မည်သည့်ဖွဲ့စည်းပုံ
အခြေခံဥပဒေကို ကျင့်သုံးသင့်သည် စသည်တို့နှင့် ပတ်သက်၍ မေးခွန်းများ
မေးမြန်းခဲ့ပြီး ချင်းလူထု၏ ဆန္ဒသဘောထား စစ်တမ်းကောက်ယူခြင်းများ
ပြုလုပ်ခဲ့ကြောင်း သိရသည်။
"အခု ကျွန်တော်တို့ လုပ်နေတဲ့
ချင်းပြည်သူ လူထုနဲ့ ချင်းအမျိုးသားတပ်ဦး တွေ့ဆုံပွဲ ကချင်ပြည်နယ်မှာ
အားလုံးလုပ်ပြီးပြီ။ ချင်းပြည်နယ် ပြင်ပမှာရှိတဲ့ ချင်းအမျိုးသားတွေနဲ့
လိုက်ပြီးတော့ တွေ့ဆုံနေတဲ့ဟာ ဖြစ်တယ်။ ရည်ရွယ်ချက်က နိုင်ငံရေး
ဆွေးနွေးပွဲတွေ သွားမယ်ဆိုရင် ကျွန်တော်တို့ ရည်ရွယ်ချက်က ချင်းအမျိုးသား
တပ်ဦးရဲ့ ပေါ်လစီ တစ်ခုတည်း မဟုတ်ဘဲနဲ့ ချင်းပြည်သူလူထု တစ်ခုလုံးက
ဘာလိုလားလဲဆိုတာ ကျွန်တော်တို့ နိုင်ငံရေး ဆွေးနွေးပွဲမှာ တင်ပြချင်တယ်။
အဲဒီအတွက် ချင်းပြည်သူ လူထုအားလုံးနဲ့ ကျွန်တော်တို့ တွေ့မယ်။
သူတို့ဆီကအကြံ သူတို့ဆီက လိုလားချက်တွေကို တင်ပြနိုင်ဖို့ အခုလို
ဆွေးနွေးပွဲ လုပ်တာပါ" ဟု ဒေါက်တာဆလိုင်းလျန်မုန်းက ပြောကြားသည်။
Eleven Media Group
No comments:
Post a Comment