ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင်းရှိ အဝေရာလမ်းမကြီး အား
ပြုပြင်ပေးစေလိုကြောင်း
ရပ်ကွက်သူ/သားများ၊ ကျောင်းသား မိဘများ၊
ဒေသခံပြည်သူများထံမှ သိရသည်။
“ကျမတို့
ကလေးတွေရဲ့ ကျောင်းကဒီလမ်းထဲမှာရှိတော့ ကလေးတွေ ကျောင်းတက်ကျောင်းဆင်းတဲ့
အချိန်ဆို အရမ်းစိတ်ပူရတယ်။
မိုးတွင်းမဟုတ်တော့တာတောင်ဒီချိုင့်ခွက်တွေထဲမှာက ရေနဲ့ဗွက်တွေကပြည့်နေတော့
ကျောင်းသား/သူတွေကလမ်းဘေးကနေကပ်ပြီးသွားတာတောင် မှ ဆိုင်ကယ်၊ သုံးဘီး၊
ကားတွေကလဲ ချိုင့်ခွက်တွေကို ရှောင်မောင်းပေမဲ့ ကလေးတွေကိုလိုက်ပြီး
တိုက်တဲ့ပုံဖြစ်နေတာပေါ့။ဒါကြောင့်ဒီ လမ်းကို ကျောင်း ပိတ်ရက်မှာ
ပြင်ပေးစေခြင်ပါတယ်”ဟု ကျောင်း သားမိဘများက ပြောသည်။
၎င်းလမ်းမကြီးသည် မာန်ဆူဘုရားကြီး၏ ရှေ့တည့်တည့်ရှိ ရပ်ကွက်(၁၂)နယ်မြေ(၁၉)တွင်
ရှိပြီး ကျောင်းသွား/ပြန်၊ ဈေးသွားဈေးလာနေ့စဉ် လူပေါင်းစုံ
သွားလာလုပ်ရှားနေသူများဖြင့် စည်းကားနေသော လမ်းတစ်လမ်းဖြစ်သည်။
“ဒီလမ်းမကြီးကို တကယ်ပြင်သင့်နေပါပြီ။ ဘာဖြစ်လို့လဲဆိုရင် လမ်းထဲမှာက
အလယ်တန်းကျောင်းရှိတယ်။ ဈေးရှိတယ်။ သတင်းစာတိုက်ခွဲကိုလဲ သွားလို့ရတယ်။
(၉၁၂)အင်ဂျင်နီယာတပ်ကို လမ်းပေါက်တယ်။ ဟူမွန်ဆည်ကြီးကိုလဲ သွားလို့ရပါတယ်။
တကယ်ဆို ဒီလမ်းကနှစ်ဖါလုံဝန်းကျင်လောက်ပဲ ရှိမှာပါ။ ကျွန်တော်က
ဒီမာန်ဆူရှမ်းရွာမှာနေတာပါ။ အိမ်ကထွက်ထွက် အိမ်ကိုပြန်လာတာပဲဖြစ်ဖြစ်
ဆိုင်ကယ်စီးနေရင်း ဟိုရှောင်လိုက်ဒီရှောင်လိုက် နိမ့်လိုက်မြင့်လိုက်နဲ့
ဆိုင်ကယ်စီးနေရတာနဲ့ မတူဘူး။ ရေထဲမှာ လှိုင်းစီးနေရတာနဲ့တူနေတယ်”ဟု
ဒေသခံဦးရွှေက ပြောသည်။
ယင်းလမ်းမကြီးအား
ပြုပြင်လိုက်ခြင်းအားဖြင့် နောက်နှစ် ကျောင်းတက်မည့် ကလေးများ၊ ပြည်သူအများ
ယာဉ်အန္တရာယ် ကင်းဝေစွာဖြင့် သွားလာနိုင်မည်ဖြစ်ကြောင်း
ဒေသခံပြည်သူများထံမှ ပြောကြသည်။
စိုးမင်းနိင်(လားရှိုး)
မြန်မာ့ခေတ်
No comments:
Post a Comment