Heartbreaker ဟု အမည်ပေးထားသော ယင်းသီချင်းသည် အသက်(၁၉)နှစ်အရွယ် ကနေဒါ
Popဂီတ ကြယ်ပွင့် အဆိုတော် ကိုယ်တိုင် ရေးသားထားခြင်း ဖြစ်သည်။
ဂျက်စတင်ဘီဘာ အနေဖြင့် ကာလအတန်ကြာ
ကတည်းက ကြေညာထားသည့် ၎င်း၏ သီချင်းသစ် တစ်ပုဒ်ကို စတင်၍ ပရိသတ်များထံ
ဖြန့်ဝေပေးလိုက်ပြီ ဖြစ်သည်။ Heartbreaker ဟု အမည်ပေးထားသော ယင်းသီချင်းသည်
အသက်(၁၉)နှစ်အရွယ် ကနေဒါ Popဂီတ ကြယ်ပွင့် အဆိုတော် ကိုယ်တိုင်
ရေးသားထားခြင်း ဖြစ်သည်။ Music Mondays ပရိုမိုးရှင်း အစီအစဉ်၏
အစိတ်အပိုင်း တစ်ရပ်အနေဖြင့် ပရိသတ်များထံ ဖြန့်ဝေပေးလိုက်သည့် သီချင်းသည်
ဘီဘာ၏ ကိုယ်ပိုင် ခံစားချက် အချို့နှင့် ဆက်နွယ်နေကြောင်းလည်း သိရသည်။
ဘီဘာသည် ယင်းသီချင်း မဖြန့်ချီမီ တစ်ရက်ကတည်းက (၂၄)နာရီအတွင်း
Heartbreakerကို ပရိသတ်များထံ ပေးပို့မည်ဟု Twitterတွင် ကြိုတင်
အသိပေးခဲ့သေးသည်။
ဘီဘာက အနှေးသီဆိုထားသည့် သီချင်းနှင့်
ပတ်သက်ပြီး "ဒီသီချင်းဟာ အသည်းကွဲ ကာလကို ဖြတ်သန်းနေရတဲ့ သူတွေအတွက်ပါ။
ကျွန်တော် ဒီသီချင်းကို ရေးတုန်းက ခံစားနေရတဲ့ အခြေအနေမျိုးပေါ့။
ဒီသီချင်းဟာ ကျွန်တော် ဘာဖြစ်ခဲ့တယ်၊ ခုချိန်မှာ ဘာတွေ ခံစားနေရတယ် ဆိုတဲ့
အဓိပ္ပါယ်ကို မျှဝေမှုလို့ ယူဆပါတယ်။ ကျွန်တော့် အနေနဲ့ ဒီသီချင်းအတွက်
ဂုဏ်ယူမိပါတယ်။ ကျွန်တော့် ပရိသတ်ကို ကျွန်တော့် နှလုံးသား အတွင်းပိုင်းထဲ
မြင်နိုင်ဖို့ အတွေးအမြင် တစ်ခုခု ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်"ဟု
မှတ်ချက်ပြုခဲ့သည်။ ဘီဘာ၏ ချစ်သူဟောင်း ဆယ်လီနာ ဂိုမက်ဇ်သည်လည်း မကြာသေးမီက
၎င်းတို့နှစ်ဦး လမ်းခွဲမှုကို ရည်ညွှန်းဟန်ရှိသည့် Already Missing You
အမည်ရှိ သီချင်းကို Prince Royceနှင့်အတူ တွဲဖက်သီဆိုကာ ဖြန့်ချီခဲ့ကြောင်း
သိရှိရသည်။
Planet Myanmar Network
No comments:
Post a Comment