မန္တေလးစက်မှုဇုန်က လပ်ကီး ဂျယ်လီ (Lucky Jelly) စက်ရုံအလုပ်သမားတွေဟာ
အလုပ်သမားအခွင့်အေရးတွေ ရရှိရေးအတွက် ဒီနေ့ မနက်အလုပ်ဝင်ချိန်မှာ
ဆန္ဒေဖ်ာထုတ်နြေကပါတယ်။
လပ်ကီးဂျယ်လီစက်ရုံက အလုပ်သမားတွေဟာ အြေခခံလစာ ၄ သောင်းကျော်ကိုသာ ရရှိပြီး တေန့ အလုပ်ချိန် ၁၀ နာရီအထိ အလုပ်လုပ်နြေကရတာ ဖြစ်ပါတယ်။
ဒါ့အြပင် အလုပ်သမားတွေရဲ့ နေစရိတ်နဲ့ စားစရိတ်အတွက် လစာငွေထဲက ၁ လကို ကျပ်
၃ သောင်း အလုပ်ရှင်ကို ပြန်ပေးရြပီး ကျန်းမာရေးစောင့်ရှောက်မှုလည်း
သတ်သတ်မှတ်မှတ် မရှိတဲ့အတွက် အခွင့်အေရးတွေ ရေရးအတွက် ငြိမ်းချမ်းစွာ
ဆန္ဒေဖ်ာထုတ်နြေကတာ ဖြစ်ပါတယ်။
ဆန္ဒြပအလုပ်သမားတဦးက
“အလုပ်ချိန်ကိုလည်း ၁၀ နာရီလုပ်ရတယ်။ ဒီကြားထဲ လစာထဲက ထမင်းဖိုး
ထပ်ဖြတ်တယ်ဆိုတော့ အလုပ်သမားတွေက အလုပ်ရှင်ရဲ့ ထမင်းကို စားပြီးတော့ အလကား
လုပ်ပေးနေရသလိုပဲ။ အလုပ်သမားဘက်မှာ တိုးတက်ရာ တိုးတက်ကြောင်း အာမခံချက်
မရှိဘူး။ အဲဒါတွေကို တောင်းဆိုတာပါ။ အလုပ်ရှင်က နှစ်ရှည်လများ
ချိုးဖောက်ထားတာကို အလုပ်သမားတွေက ခုချိန်မှာ နားလည်လာတဲ့အတွက်
ပြန်တောင်းတာပါ။ အလုပ်ရှင်တွေ ပေးနိုင်မယ်လို့ ကျေန်ာယုံကြည်ပါတယ်” လို့
ပြောပါတယ်။
အလုပ်ချိန် ၁ ရက် ၈ နာရီ သတ်မှတ်ပေးဖို့၊ အြေခခံလစာကို
ယောက်ျားလေး ၉ သောင်းနဲ့ မိန်းကေလး ၈ သောင်း သတ်မှတ်ပေးဖို့၊ လုပ်ငန်းခွင်
ထိခိုက်နစ်နာမှုတွေနဲ့ အလုပ်သမား ကျန်းမာရေးကို အလုပ်ရှင်က
တာဝန်ယူဖြေရှင်းပေးဖို့၊ နိုင်ငံတော် တရားဝင် ရုံးပိတ်ရက်တွေ အတိုင်း
ပိတ်ပေးဖို့နဲ့ ရှောင်တခင်ခွင့်၊ ဆေးခွင့်နဲ့ လုပ်သက်ခွင့်တွေကို
ပြက္ခဒိန်နှစ်အတိုင်း သတ်မှတ်ပေးဖို့၊ လူမှုဖူလုံရေးကတ်နဲ့
နိုင်ငံသားမှတ်ပုံတင်တွေကို အလုပ်သမားတွေရဲ့ လက်ဝယ် ပြန်လည် ပေးအပ်ဖို့၊
အေဆာင်စရိတ်နဲ့ စားစရိတ်အြဖစ် ၀န်ထမ်းတွေရဲ့ လစာထဲက ဖြတ်တောက်တာတွေ
မြပုလုပ်ဖို့ စတဲ့ အချက် ၈ ချက်ကို တောင်းဆိုနေတာ ဖြစ်ပါတယ်။
ဆန္ဒြပအလုပ်သမားတဦးက “ကျေန်ာက လစာ ၆ သောင်း ၄ ထောင် ရတယ်။ နှစ်ကြီးသမားမို့
ရတာ။ ၀င်ဝင်ချင်းက ၄ သောင်း ၈ ထောင် ပဲရတယ်။ ကျေန်ာက ၁၁ နှစ်၊ ကျေန်ာက ၆
နှစ်ပါ။ ကျန်းမာရေးစောင့်ရှောက်မှုက ဖျားရင် ဆေးခန်းလိုက်တာတော့ ရှိတယ်။
ထိခိုက်တာတွေ၊ ဘာတွေတာ့ လုပ်ပေးမယ်လို့ ဘာမှ တိတိကျကျ မသတ်မှတ်ထားဘူး။
ဖျားနာလို့ ၃၊ ၄ ရက်လောက် ခွင့်ယူရင် ၁ ရက်ကို ၂၅၀၀၊ ၃၀၀၀ လောက် ဖြတ်တယ်”
လို့ ပြောပါတယ်။
အလုပ်သမားအခွင့်အေရး တောင်းဆိုနေတဲ့
အလုပ်သမားအားလုံးကို အလုပ်ရှင်က အဆိုင်းဌာန ပြောင်းရွှေ့တာ၊
ရာထူးလျှော့ချတာနဲ့ အလုပ်က ထုတ်ပယ်တာတွေ အပါအ၀င် အလုပ်ရှင်က တစုံတရာ အေရးယူ
ဆောင်ရွက်တာတွေ မြပုလုပ်ပါဘူးလို့ ခံဝန်ကတိ လက်မှတ်ထိုးပေးဖို့ကိုလည်း
အလုပ်သမားတွေက တောင်းဆိုထားပါတယ်။
အလုပ်သမားတွေအေနနဲ့ သူတို့ရဲ့
ရပိုင်ခွင့် တောင်းဆိုချက်တွေကို အလုပ်ရှင်က လိုက်လျောတဲ့အထိ
ဆန္ဒေဖ်ာထုတ်သွားမယ်လို့ ပြောဆိုနေပမယ့် အလုပ်ရှင်ဘက်တော့ လာရောက် ဖြေရှင်း
ညှိနှိုင်းတာမျိုးကို နေ့လယ်အချိန်ထိ မရှိသေးပါဘူး။
DVB Myanmar
No comments:
Post a Comment